Thanks a lot Dogs

မနေ့က International Dogs day ဖြစ်ပါတယ်။ အဆိုပါ နေ့မှာပဲ Telegram ရဲ့ meme tokens ဖြစ်တဲ့ Dogs ကို Market မှာ list လုပ်ခဲ့ပါတယ်။ Airdrop ကောက်သူတွေ ပျော်ကြတဲ့နေ့လို့လည်း ပြောလို့ရပါလိမ့်မယ်။ Dogs tokens က project အချိန် အားဖြင့် သိပ်မကြာလိုက်ပေ။ သူ့ အရင်လုပ်သည့် tokens တွေထက် စောစီးစွာပဲ ဈေးကွက် list ခဲ့၏။ ဈေစ အနေဖြင့် ကြည့်ပါကလည်း meme tokens တခု အနေဖြင့် အထင်မသေးရဲ စရာ အနေအထားမှာ ရှိ၏။ လူရိုသေ ရှင်ရိုသေ ရှိသည်ဟု ပြောလို့ရ၏။

List တာနဲ့ တန်းပြီး ထုတ်ရောင်းကြသူတွေလည်း ရှိ၏။ Not တုန်းက ကြုံဆုံထားဖူးသူတွေကတော့ မရောင်းသေးဘဲ hold ထားကြဦးမည် ဆို၏။ တချို့ တဝက်ရောင်းပြီး တချို့ တဝက် hold ထားသူတွေလည်း ရှိ၏။ ခက်ခဲနေသူတွေ အတွက် တစုံတရာ ပြေရာ ပြေကြောင်း ဖြစ်စေခဲ့တာကတော့ အမှန်ပင်။

Exchange သမားတွေပဲ အရင် ရတာမို့ Telegram wallet နဲ့ Tonkeeper သမားတွေတော့ အဆင်မပြေကြသေးပေ။ ပြီး fee က မထင်ထားရလောက်အောင် များနေခြင်း ဖြစ်၏။ Ton network မို့ ton fee ပေးရမည် ဖြစ်၏။ fee က 2$ လောက် ရှိ၏။ Airdrop အများကြီး ရထားသူဆိုရင်တော့ ပေးပျော်ပါ၏။ နို့ပေမယ့် ထောင်ဂဏန်းလောက်သာ ရထားသူဆိုရင်တော့ မကိုက်တော့ပေ။ သောင်း၊ သိန်းလောက် ရထားမှသာ တန်ပေလိမ့်မည်။

ကျနော်တောင် exchange နဲ့ ပြောင်းလုပ်လိုက်လို့ တော်သေးသည် ဆိုရမည် ဖြစ်၏။ Dogs မ list ခင် exchange တွေ ပြေးဖွင့်ကြသူတွေလည်း ရှိကြ၏။ တချို့က အထိုက်အလျောက် သိပေမယ့် အချို့ကတော့ exchange တွေအကြောင်း လုံးဝကို မသိနေကြပေ။ မနေ့ညကဆို Group တွေမှာ အမေးပိုစ့်တွေ သောင်းခြောက်ထောင်နဲ့ရယ်။ သိသူ၊ နားလည်သူတွေကလည်း ဖြေပေးကြ၏။ ဤသည်ကား ချစ်ဖွယ်ကောင်းသည့် အမူအကျင့်ပင်။ Crypto community အတွက်လည်း ဝမ်းသာပီတိ ဖြစ်စရာပင်။

Dogs ကျေးဇူးဖြင့် အခက်အခဲအချို့ အဆင်ပြေ၊ ဖြေရှင်း နိုင်ကြပြီမို့ ကျေးဇူးတက်ပါသည်ဟု ထပ်မံ ပြောပါရစေ။ Dogs ပြီးသွားပြီမို့ ခုတော့ Cats လုပ်လိုက်ပါဦးမည်။

(photos from Dogs Community)



0
0
0.000
3 comments
avatar

ကိုယ်တွေက Telegram wallet ဆိုတော့ကား
ဘယ်အချိန် ထုတ်ရောင်းမှာပါလိမ့်။
ဝေါလက်ကို ဖွင့်တော့လည်း vpn ပိတ်ခိုင်း။
Tel က vpn နဲ့မှ ဖွင့်ရတာဆိုတော့ကား။
!LOLZ
!MEME

0
0
0.000