တော်လှန် မွေးနေ့
ဒီနေ့က ကျနော့် မွေးနေ့ ဖြစ်၏။ ၁၈ နှစ်ပြည့် မွေးနေ့ ဖြစ်၏။ နောက်တာ။ ၃၇ နှစ်ပြည့် မွေးနေ့ ဖြစ်၏။ ဒီကာလကြီးမို့ တော်လှန် မွေးနေ့လို့ပဲ ခေါင်းစဉ် တပ်ပါရစေ။ WOH game ကနေ နေ့စဉ် အမြဲ ပုံမှန် ကလစ်နေတာကိုတော့ ကျနော့် မိတ်ဆွေတွေ သိပြီး ဖြစ်မည် ထင်၏။ တရက်မပျက် ဝင်ကလစ်နိုင်ဖို့ သန္နိဌာန် ချထား၏။ ချထားသည့် အတိုင်းလည်း ဝင် ကလစ် ဖြစ်၏။ မီးတွေ မမှန်လို့ wifi power bank အားပါ မရှိတော့သည့် အခါမျိုးမှာလည်း Mobile data နဲ့ ကလစ်၏။ သူငယ်ချင်း အိမ် ဘာညာ သွားလည်ရင်လည်း စကားပြောနေရင်း ကလစ်၏။ လက်ဖက်ရည်ဆိုင် ဘာညာထိုင်ရင်တောင် ပတ်ဝန်းကျင် အခြေအနေ အနေအထားကို ကြည့်ပြီး ရရင် ရသလို ကလစ်၏။
သူများလို မြေပြင် တိုက်ပွဲ မဝင်နိုင်ပေမယ့် တက်နိုင်သည့်ဖက်ကနေ တော်လှန်ရေးအတွက် ကူရမည် မဟုတ်လား။ ထောက်ပို့ ကလစ်ကာ အဖြစ် ကိုယ့်ကိုလည်း ဂုဏ်ယူမိပါ၏။ အသက်နဲ့ ရင်းနေရသူတွေထက်စာရင် ကျနော်တို့က ဘာမှ မပြောပလောက်ပေ။ အချိန်နဲ့ internet လေးသာ လိုသည် မဟုတ်လား။ ထို့ကြောင့် အားရင် အားသလို အချိန် ရရင် ရသလို ကလစ် ဖြစ်၏။ တော်လှန်ရေး မြန်မြန် ပြီးမြောက်ဖို့ အတွက် များများ ကူ၊ များများ ကလစ် နိုင်ဖို့ လို၏။
လက်တလော အလုပ်လည်း မလုပ်ဖြစ်နေတော့ ဝင်ငွေက မရှိပေ။ ငွေသား စိုက်ထုတ်ပြီး မလှူနိုင်ပေ။ ထို့ကြောင့် နာနာ ကလစ်၊ မှန်မှန် ကလစ် ဆိုသည့် ဆောင်ပုဒ်ကို ကိုင်စွဲပြီး ရရင် ရသလို ကလစ်ခဲ့၏။ ခုဆို တရက်မပျက် ကလစ်ခဲ့တာ တနှစ်ကျော်ပင် ရှိလာခဲ့ပြီ ဖြစ်၏။ အစောပိုင်းတုန်းက ကလစ်လိုက်၊ ရက်ပျက် သွားလိုက်နဲ့ ဖြစ်နေခဲ့၏။ ထိုသို့ မဖြစ်ရအောင် မိမိ ကိုယ့်ကို သေချာ သတိပေးပြီး ပျက်ရက် မရှိ ဝင် ကလစ်နိုင်ဖို့ ပြင်ဆင်ခဲ့၏။ ခုထိလည်း ပျက်ရက် မရှိပေ။ ထို့ အတွက် ပျော်လည်းပျော် ဂုဏ်လည်း ယူပါ၏။
ပြီးခဲ့သော June လ ၁၅ ရက်နေ့လောက်က အတွေးလေး တခု ဝင်မိ၏။ ထိုစဉ်က ကျနော် ကလစ်ရင်း လှူနေသည့် ပမာဏက သိန်း ၉၀ ကျော် လောက်တော့ ရှိနေခဲ့ပြီ။ နောက်လ ငါ့မွေးနေ့လေးမှာ မွေးနေ့ အမှတ်တရ အဖြစ် ၁၀၀ ပြည့်အောင်ချမယ်ကွာဟု အသေးစား ဦးတည်ချက်လေး ထားခဲ့၏။ ကျနော့် တလ ကလစ်နှုန်းက ပျမ်းမျှအားဖြင့် ၅ သိန်း ပတ်ခြာလည်တော့ ရှိ၏။ ရက် ၃၀ ကို ၅ သိန်းပေါ့။ June 15 က တွေးတာ ဆိုတော့ လက်ကျန် ၁၅ ရက်ရယ်၊ July ရက် ၃၀ နဲ့ဆိုရင် ၄၅ ရက် အချိန်ရ၏။ ဖြစ်နိုင်လောက်သည်မို့ ချမယ်ကွာဆိုပြီး target ထားလိုက်၏။
ယခင်ထက်လည်း ပြိအချိန်ပေးပြီး ပိုအားစိုက် ကလစ် ဖြစ်ခဲ့၏။ ထိုသို့ တွေးထားပြီး ကလစ်ခဲ့တာ July 17 မတိုင်မီမှာပင် သိန်း ၁၀၀ ပြည့်လို့ သွားခဲ့၏။ ( Certificate ကတော့ July 17 မှာ ရခဲ့၏။) မွေးနေ့ ရက် မရောက်ခင် ၁၁၀ ဖြစ်နိုင်ဦးမလားဆိုပြီး ကလစ်ကြည့်သေး၏။ ဒါကတော့ မဖြစ်နိုင်တော့ပေ။ သို့ပေမယ့်လည်း နီးတော့ နီးစပ် ခဲ့ပါ၏။ ၁၀၇ သိန်းနဲ့ မွေးနဲ့ရက် ရောက်သွားခဲ့၏။
ဘာပဲ ပြောပြော ကိုယ်ရည်မှန်းထားတာလေး ပြည့်မြောက်သွားသည့် အတွက်တော့ ဝမ်းသာရပါ၏။ Internet ရနေသေးသရွေ့ ထောက်ပို့ ကလစ်ကာ တဦးအဖြစ် တက်နိုင်သည့် နေရာကနေ တတက်တအား ပါဝင်နေပါဦးမည်။
Happy Birthday and Congratulations 👏
!pizza
!lol
!luv
lolztoken.com
Gross-eries
Credit: reddit
@donjaun, I sent you an $LOLZ on behalf of golden.future
(2/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts:
Happy Birthday,bro! 🎉🎊
နှစ်အသစ်မှာ ကောင်းသောပြောင်းလဲခြင်းတွေနဲ့ ပျော်စရာနေ့ရက်တွေ ဖြတ်သန်းနိုင်ပါစေ။ ☺️
ကျေးဇူး အများကြီး တင်ပါတယ်ဗျ။
😊