Still We Can

avatar

အပူချိန် ပိုမြင့်၊ ပိုများမည်ဟု ပညာရှင်တွေ သတိပေးထား၏။ ခုတောင် အတော်လေး ပူနေတာ ဒီထက်သာ ပိုရင် မည်သို့ နေမည် မသိပေ။ တောင်ပေါ်နေသူတွေတောင် ငြီးတွားနေမှတော့ အညာက သူတွေ ပသို့များနေကြမည်နည်း။ အတွေးနဲ့တင် ပူနေပြီ။ နေ့လည် နေ့ခင်းတွေများဆို ပူလွန်းလို့ အိမ်၊ အရိပ်မှာပဲ နေဖြစ်တာ များ၏။ နေ့ပူလို့ ည အပူလျော့ အေးသလား ဆိုပြန်တော့ မအေး၊ အပူလေး နည်းနည်းလျော့သည်ဆိုရုံ လောက်လေးသာ။

ဒီအတိုင်း ထိုင်နေရင်းနဲ့ကို ပူတာက သိသာ လွန်းလှ၏။ အငြိုးနဲ့များ ပူလေ သလားဟု မေးရမည်ထင်။ ညနေစောင်း နေအေးချိန်မှာလည်း ပူဆဲပင်။ Futsal ကန်ရက်ဆို ပိုလို့တောင် သိသာသေး။ ယခင်ထက် ကျနော်တို့ ချွေးပို ထွက်ကြ၏။ နည်းနည်း ပြေး၊ လှုပ်ရှားရုံနဲ့ ချွေးတွေ ရွှဲလာတော့၏။ ပိုပြီးတော့လည်း ပင်ပန်း၏။ ဒါတောင် ကျနော်တို့ ကန်ချိန်က ညနေ ၆ နာရီ ဖြစ်၏။ ဒီနှစ် နွေကကို အတော် ပူလွန်းနေသလိုပင်။

သင်္ကြန်တွင်းလည်း ကျနော်တို့ Futsal ကန် ဖြစ်၏။ ကျနော်တို့ ကစားနေကြ ကွင်းကတော့ ပိတ်၏။ အခြား ဖွင့်သည့် ကွင်းမှာ ကစားခြင်း ဖြစ်၏။ တသင်းလုံးက တော်လှန် သင်္ကြန်မှန်း သိရှိ နားလည်ထားသူတွေ ဖြစ်၏။ ဘယ်သူမှ ရေမဆော့ကြ၊ ရေပတ်ခံ မထွက်ကြပေ။ ထို့ကြောင့်ပင် ဆရာသက်ရေ သင်္ကြန်တွင်းပေမယ့်လည်း ဖွင့်တဲ့ကွင်း ရှိရင် ကန်ရအောင်ဗျာဟု တောင်းဆို ကြသဖြင့် ဖွင့်သည့်ကွင်း စုံစမ်းပြီး ကန်ကြခြင်း ဖြစ်၏။ ပြီး ကျနော်တို့ ကန်သည့် အချိန်ကလည်း ညနေ ၆ နာရီ နောက်ပိုင်းဆိုတော့ ရေပတ်သူ မရှိသလောက် နည်းသွားပြီမို့ သွားရေး လာရေးလည်း အဆင်ပြေ၏။

ကန်နေကြ မဟုတ်သည့် ကွင်းဆိုတော့ သိပ်တော့ အဆင်မပြေပေ။ အချိန်ကို တိတိကျကျ လုပ်၏။ တိကျသည်ထက်ကို ပိုလွန်းနေ၏။ နောက်မကျအောင် လာခိုင်းပြီး အချိန် မပြည့်ခင် အကိုတို့ ရွှေဂိုးဗျ ဆိုပြီး လာအော် နေလေ့ ရှိ၏။ အချိန်ပို ရဖို့ ဝေးစွ။ ကန်နေကြ ကွင်းဆို ကိုယ်တွေ နောက်ကျလည်း စကန်သည့် အချိန်ကနေသာ စပြီး မှတ်ပေး၏။ အချိန်ပိုလည်း ပေး၏။ တနာရီဆို တနာရီခွဲ၊ တနာရီခွဲ ယူရင် နှစ်နာရီလောက် ကစားခွင့်ရ၏။

လူ့စိတ် လူ့အကျင့်ကလည်း ရယ်ရသား။ ကန်နေကြ ကွင်းမှာ ၆ နာရီ ဆို ၆ နာရီခွဲကျော်၊ တခါတလေ ၇ နာရီမှ ရောက်လာ၊ လူစုံလေ့ ရှိ၏။ သင်္ကြန်တွင်း ကန်သည့်ကွင်းကြတော့ ၆ နာရီဆို ၆ နာရီ မထိုးခင် ကတည်းက အားလုံး ရောက်နေကြပြီ။ မသိရင် ကလေးဆိုးကြီးတွေ ကြနေတာပဲ။ ဆိုးလို့ရသည့် ကွင်းမှာ ဆိုးပြီး ဆိုးလို့ မရသည့် ကွင်းကြတော့ လိမ္မာပြကြလေတော့၏။ ဟို ကန်နေကြ ကွင်းက ညီလေးသာ သိရယ် အကိုတို့ ဗျာ ဟိုကွင်းမှ ကန်တော့ အချိန်တွေ တိကျနေလိုက်ကြတာဟု ပြောမည်ထင်။

ကျန်းမာရေး အရရော၊ သူငယ်ချင်းတွေ စုံပြီး ပျော်ရွှင်မှု အရရော တပတ် နှစ်ကြိမ်ကတော့ Futsal ကန် ဖြစ်နေပေလိမ့်ဦးမည်။ ဘယ်အချိန်ထိလဲ ဆိုရင်တော့ ကန်နိုင်နေသေးသည့် အချိန်ထိပေါ့ဟု ​ဖြေရပေလိမ့်မည်။



0
0
0.000
5 comments
avatar

!PGM !PIZZA

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO tokens

remaining commands 4

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000