Still Ltc

Ltcminer ကနေ mining လုပ်ပြီး သတိရတိုင်း 0.0001 Ltc ထုတ်လာခဲ့တာ 17 ကြိမ်လောက် ရှိလာခဲ့ပြီ။ Free plan မို့ တရက်ကို တကြိမ်သာ၊ တကြိမ်ကိုမှ 0.0001 သာ ထုတ်ခွင့်ရ၏။ လက်ရှိ mining ကနေ 1 Ltc လောက်တော့ ရထားပြီ ဖြစ်၏။ ထို 1 Ltc ကိုသာ တလုံးထဲ ထုတ်ခွင့်ရရင် ဆိုသည့် စိတ်တွေ အတော်လေး ဖြစ်နေ၏။ ငါးစာသာမြင် ငါးမျှားချိတ် မမြင် ဆိုတာမျိုးလည်း မဖြစ်လိုပေ။ တခါတလေတော့ အမြင့်ဆုံး version (plan) မဟုတ်တောင် free version ထက် တဆင့်မြင့်သည့် version 1.1 လေး စမ်းကြည့်ချင်စိတ်တွေ ဖြစ်ပေါ် လာလေ့ ရှိ၏။ စိတ်ကို မနည်းကောင်း ထိန်းထားနေရ၏။

Version 1.1 က basic version ဖြစ်၏။ Free version က တရက်ကို တကြိမ် ထုတ်ခွင့်ရပြီး Basic version က တရက်ကို နှစ်ကြိမ် ထုတ်ခွင့်ရ၏။ ဘယ်လောက် ပမာဏ ထုတ်ခွင့်ပြုသည်ကိုတော့ မဖော်ပြထားပေ။ ပြထားပေးရင်တော့ ပိုကောင်းမည်။ Version 1.2 & 1.3 ကတော့ တရက်ကို 3 ကြိမ် ထုတ်ခွင့် ပေး၏။ Version 1.4 ကတော့ အကန့်အသတ် မရှိ ထုတ်ခွင့် ရှိသည် ဆို၏။ ထုံးစံ အတိုင်း တခါထုတ် အနည်းဆုံး ဘယ်လောက် ဆိုတာ မပြ၊ ပြောထားပေ။ Version မြင့်သွားတိုင်း mining speed ပိုကောင်း၊ ပိုများ၊ ပိုမြန်ပြီး Ltc လည်း ပိုရမည် ဖြစ်၏။

Version upgrade လုပ်ခြင်းက ပြင်ပကနေ မဟုတ်ဘဲ မိမိ တူးထားသည့် ထဲကနေသာ ပေးချေလို့ရရင် ကောင်းမည်။ ခုက မရနေပေ။ အင်းလေ အဲ့လိုရနေရင်လည်း Website ထောင်ထားသူ မွဲမပေါ့။ ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်ကြမှာ ကိုယ်တယောက်ထဲမှ မဟုတ်ဘဲကိုး။ ကိုယ့်ကို ဒီအတိုင်း free လေး ရသလောက် ယူနေတာပဲ ကောင်းပါတယ်လေ။ တော်နေကြာ အရင်းအနှီး သွားထည့် လိုက်မှ လစ်သွားဦးမယ်။

လက်ရှိ တူးနှုန်းနဲ့သာ ဆိုရင် Ltc ပမာဏက ပိုပြီး များလာဖို့သာ ရှိ၏။ ဘယ်လောက်များများ free version က တရက် တကြိမ်ကိုမှ 0.0001 သာ ထုတ်ခွင့်ရမည် ဖြစ်၏။ များပြားလာသည့် ပမာဏတွေကို မြင်ပြီး version upgrade လုပ်သူတွေလည်း ရှိကောင်း ရှိမယ် ထင်၏။ ကျနော်ကတော့ ဘာနေနေ free version ပဲ လုပ်မည်။ ထုတ်ပေးနေသလောက် ထုတ်ခွင့်ရသလောက် ထုတ်မည်။

လက်ရှိ Ltc ဈေးက 64$ လောက်တော့ ရှိ၏။ Ltc အနေဖြင့် BTC လို ဖြစ်လာဖို့ မလွယ်ပေ။ နို့ပေမယ့် ဈေးတန်းအနေဖြင့် 2 digits အစား 3 digits သို့ ပြောင်းသွားခဲ့ရင် ဆိုသည့် အတွေးနဲ့ စုထားလိုက်ပါဦးမည်။ အပန်းလည်း မကြီးနေဘူးကိုး။ ဒတရင်တကြိမ် website ထဲဝင် wallet address ထည့် withdrawal လုပ် ဒါပဲ။ Free စုခဲ့သည့် BTC တွေတောင် တချိန်မှာ အကျိုးရှိခဲ့သည် ဆိုတော့ ဘယ် tokens ကိုမှ လျော့တွက်လို့ မရပေ။ ဇာတ်လိုက်ကျော်ကြီး hive ကတော့ 1$ ကျော်ဖို့ မပြောနဲ့ နဂို ဈေးတန်းတောင် ခုထိ ပြန်မရောက် နိုင်သေးပေ။



0
0
0.000
2 comments