Staking

avatar

fb_img_1638790212152

လောလောဆယ် LOA ကနေ Moderators တွေကို လစာ ရပ်ဆိုင်းထားတော့ Hive ကို ပြန်အား စိုက်ထားဖို့ လိုလာပြန်၏။ Hive ကိုက ယခင်ကတည်းက သေချာလေး အာရုံ စိုက်ထားပါ၏။ ဒါပေမယ့် တချို့ရက်တွေ တရက် နှစ်ပိုစ့် မတင် ဖြစ်ဘဲ တပိုစ့်ပဲ တင်ဖြစ်တာတွေ ရှိ၏။ ယခင်ကတော့ LOA ကနေ လစာလေး ရနေတော့ မတင် ဖြစ်လဲ ဘာဖြစ်လဲကွာ ဆိုပြီး လုပ်ပစ်လိုက်လို့တော့ ရပါ၏။ ခုကတော့ ထိုသို့ လုပ်လို့ မဖြစ်တော့ပေ။ တရက် နှစ်ပိုစ့် target လေးကို ထပ်မံ အပျက်ခံလို့ မဖြစ်တော့ပေ။

လောလောဆယ်တော့ လက်ထဲ ရှိနေသည့် LOA tokens တွေကို staking လုပ်ထား၏။ သိပ် အများကြီးတော့ မဟုတ်ပါဘူးလေ။ 2000 LOA လောက်ပါပဲ။ အတိုးက ကနဦးတုန်းက 26% APR လောက်ရပေမယ့် ခုတော့ 24% လောက်သာ ကျန်တော့၏။ Staking လုပ်သူ များလာသဖြင့် အတိုးနှုန်း လျော့သွားခြင်း ဖြစ်၏။ ဘာပဲ ဖြစ်ဖြစ် ဆိုးတော့မဆိုးပါဘူးလေ ဟုသာ ပြောရပေမည်။ LOA သာ 1$ စျေး ဖြစ်သွားခဲ့လျင် အတော်လေး ဂေါ်ပြီ။ အတွေးတွေ မျှော်လင့်ချက်တွေကတော့ အပြည့်ပင်။ တချိန်မှာတော့ မျှော်လင့်ထားသလိုလေး ဖြစ်လာနိုင်ပါစေပေါ့။

img_0.3695762310622983

img_0.15694860142104208

ကျနော်က Single staking ပဲ လုပ်ထားလို့သာ အတိုးက ဒီလောက်ပဲ ရတာပါ။ Double (LOA/BUSD) staking လုပ်သူတွေဆိုရင် 114% APR တောင် ရမှာ ဖြစ်ပါတယ်။ staking လုပ်တုန်းက လက်ထဲ BUSD မရှိနေတာလည်း ပါတာပေါ့။ ဒါပေမယ့်လည်း 24% က မဆိုးပါဘူးလေ။ ပြန်ရသည့် အတိုးကို ထုတ်ယူဖို့ထက် အရင်းထဲပဲ ပြန်ပေါင်းထည့်လိုက်တာ များပါတယ်။ နောက်တချိန် စျေးလေး နည်းနည်းကောင်းလာမှပဲ အတိုး အချို့ကို တကိုယ်ရေစာ သုံးစရာလိုတဲ့ နေရာလေးတွေမှာ အသုံးပြု ဖြစ်မည်ထင်။

Hive ကနေ သင်ယူထားမိသည့် အတွက် LOA token စျေး မတရားကြီး များလာဖို့တော့ မမျှော်လင့်ထားမိပေ။ (ဒါပေမယ့် တကယ်လို့ များလာရင်လည်း ကောင်းတာပေါ့) ရေးစရာ ရှိတာရေး၊ စျေးတက်တာကျတာ သူ့ အလုပ် ထုံးလိုပဲ ခုလည်း LOA tokens ဘယ်စျေး ရောက်ရောက် ရသည့် အတိုးတွေကို အရင်းထဲ ပြန်ပေါင်းပြီး staking လုပ်ထားပါဦးမည်။

လစာ ပြန်မရသေးခင်တော့ လုပ်နိုင် လုပ်လို့ ရတာ အကုန် လုပ်ထားရပေလိမ့်ဦးမည်။ crypto စိုက်ခင်းလေးထဲ အမျိုးအစား စုံလင်အောင် စိုက်ထားနိုင်ဖို့ လို၏။ ဒါမှသာ တချိန်မှာ tokens အသီးလေးတွေကို စားသုံး နိုင်မည် မဟုတ်လား။



0
0
0.000
6 comments
avatar

လူပျိုကြီး စုထားပါဟ။
!LOL

0
0
0.000