Special Weekend


(Photo from LiveScore Facebook page)

ဒီတပတ်မှာ ပွဲကြီး ပွဲကောင်းတွေ အများကြီး ရှိနေ၏။ ဘောလုံးပွဲ ချစ်သူများ တဝကြီး ကြည့်ရှုအားပေးဖို့သာ အဆင်သင့် ပြင်ထားရပေလိမ့်မယ်။ အာရှဖလား ဗိုလ်လုပွဲ၊ အာဖရိကဖလား တတိယလုပွဲနှင့် ဗိုလ်လုပွဲ အစရှိသည့် ပွဲစဉ်ကောင်းများ ရှိနေ၏။ အာရှချန်ပီယံက ဘယ်သူလဲ၊ အာဖရိကချန်ပီယံက ဘယ်သူလဲ မကြာမီ သိရတော့မယ် ဖြစ်၏။

အဆိုပါ ပွဲစဉ်များ အပြင် နောက်ထပ် ပွဲကောင်းတွေလည်း ရှိနေသေး၏။ EPL မှ အက်စတုန်ဗီလာနှင့် မန်ယူနိုက်တက်တို့၏ တွေ့ဆုံမှု ဖြစ်၏။ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အတွက် ဒီပွဲကို ယူနိုက်တက်တို့ နိုင်ဖို့ လို၏။ ယခုလို ထိပ်တိုက် ဆုံချိန်မှာ အက်စတုန်ဗီလာထံကနေ အမှတ်ရအောင် ယူထားပြီး အမှတ်ကွာဟချက် နည်းသထက် နည်းအောင် လုပ်ထားဖို့လို၏။ လက်ရှိမှာ ယူနိုက်တက်က 38 မှတ်ဖြင့် အဆင့် 6 နေရာ၊ အက်စတုန်ဗီလာက 46 မှတ်ဖြင့် အဆင့် 4 နေရာမှာ ရပ်တည်နေ၏။

နောက်တပွဲက ဂျာမန်ဘွန်ဒက်လီဂါမှ လေဗာကူဆင်နှင့် ဘိုင်ယန်မြူးနစ်တို့၏ ပွဲစဉ် ဖြစ်၏။ လွန်ခဲ့သော နှစ်တွေတုန်းက ဘိုင်ယန် ဒေါ့မွန် ပ်ြုငါဆိုင်မှုကနေ ဒီဘက်နှစ်မှာတော့ ဘိုင်ယန် လေဗာကူဆင် ပြိုင်ဆိုင်မှု အဖြစ် မြင်နေရ၏။ လက်ရှိ အမှတ်ပေး ဇယားကို လေဗာကူဆင်က 52 မှတ်ဖြင့် ဦးဆောင်ထား၏။ ဘိုင်ယန်က အမှတ် 50 ဖြင့် ဒုတိယ နေရာမှာ ရပ်တည်နေ၏။ ယခုပွဲက ချန်ပီယံ ဖြစ်ဖို့ အဆုံးအဖြတ် မဟုတ်သေးပေမယ့် စိတ်ဓါတ်ရေးရာ အရ ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာနိုင်၏။ သရေကျမယ်ဆိုရင် ဒီအတိုင်းပဲ ဆက်ရှိနေမယ် ဆိုပေမယ့် ဘိုင်ယန်နိုင်ရင် အဆင့် 1 ကိုရောက်မယ်၊ ပြီး လေဗာကူဆင်ရဲ့ ရှုံးပွဲ မရှိ စံချိန် ချိုးဖျက်ခံရမယ်။ လေဗာကူဆင် နိုင်သွားရင်တော့ အဆင့် 1 နေရာကနေ 5 မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်မှာ ဖြစ်ပါတယ်။

နောက်တပွဲက စပိန်လာဂီဂါမှ ရီးရဲမက်ဒရစ်နှင့် ဂျီရိုနာတို့ရဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ဂျီရိုနာ နည်းပြကတော့ သူတို့ ချန်ပီယံ ဖြစ်ဖို့ မမှန်းထားပါဘူး၊ ဒီအ‌တိုင်း အကောင်းဆုံး ကြိုးစားသွားမှာပါ၊ ဥရောပပြိုင်ပွဲတွေ ဝင်ကစားခွင့်ရရင်ကိုပဲ ဟုတ်နေပါပြီဟု ဆိုထားပေမယ့် ချန်ပီယံလမ်းကြောင်းပေါ်မှာ သူတို့ ရှိနေပါသေးတယ်။ ရီးရဲက 58 မှတ်ဖြင့် အဆင့် 1 ဂျီရိုနာက 56 မှတ်ဖြင့် အဆင့် 2 နေရာမှာ ရပ်တည်နေပါတယ်။ ရီးရဲကပဲ အနိုင်ရပြီး အမှတ်ဖြတ် ဦးဆောင်သွားမလား၊ ဒါမှမဟုတ် ဂျီရိုနာက အနိုင်ရပြီး အဆင့် 1 ရယူသွားမလား၊ ပိုနေမြဲ ကျားနေမြဲ သရေပဲ ကျသွားမလားကတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဒီတပတ်မှာတော့ ကောင်းပေ့ ဆိုတဲ့ ပွဲ‌တွေချည်း ကြည့်ရမှာပါ။ အိပ်ရေးပိုပျက်မယ့် ရက်သတ္တပတ်လို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း တန်ပါတယ်လေ။ ပွဲကောင်းတွေ အများကြီး ကြည့်ရမှာ ဆိုတော့။



0
0
0.000
5 comments
avatar

ဘောလံုးပွဲမကြည့်ဖြစ်တာ ကြာသွားပြီ။
မန်ယူပွဲဆိုရင်တော့ ရန်ဖန် ရန်ခါ ကြည့်ဖြစ်တယ်။

!PIZZA

!LUV

0
0
0.000
avatar

အစောပွဲတွေ ဆိုရင်တော့ ကြည့်ဖြစ်ပါတယ်။ တအားနောက်ကျရင်တော့ မကြည့်ဖြစ်ဘူးရယ်။

0
0
0.000