Siuu

ပြီးခဲ့သော တပတ်မှာ လိဂ် ပွဲစဉ်များ မရှိပေ။ နိုင်ငံတကာ ပွဲစဉ်များ ကစားသောကြောင့် ဖြစ်၏။ ဒီတပတ်မှာတော့ စံချိန်များရှင် Ronaldo အကြောင်း ပြောကြရမည် ဖြစ်၏။ ကစားသမား ဘဝ ဂိုးပေါင်း 900 ထိ သွင်းယူသည့် စံချိန်ကို သူ ရယူသွားခဲ့ပြီ ဖြစ်၏။ အတိအကျ ပြောရရင် 901 ဂိုးပေါ့။ ဒီနေ့ မနက်မှာ ကစားခဲ့သည့် Scotland နဲ့ ပွဲမှာလည်း အနိုင်ဂိုးကို သူ သွင်းယူပေးခဲ့ပြန်၏။

Croatia နဲ့ ပွဲမှာ သူ၏ 900 ပြည့်ဂိုးကို သွင်းယူ နိုင်ခဲ့၏။ နိုင်ငံတကာ ပွဲစဉ် ၂ ပွဲဆက်တိတိ သူ ဂိုးသွင်းယူနိုင်ခဲ့၏။ Euro 2024 ပြိုင်ပွဲမှာ နိုင်ငံ အသင်း အတွက် ဂိုးပေါက် ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်၏။ ဘောလုံးမှာပဲ စံချိန်တင်ခဲ့သည် မဟုတ် Social media မှာလည်း ထင်မှတ်မထားတာတွေ လုပ်ပြနေခဲ့၏။ ခဏချင်းမှာ Subscriber တွေ အများကြီး ရယူနိုင်ခဲ့၏။ သူများတွေ လနဲ့ နှစ်နဲ့ ချီပြီး ကြိုးစားမှ ရသည့် Subscriber အရေအတွက် ပမာဏကို သူက Channel ထောင်ပြီးပြီးချင်း နာရီပိုင်း၊ ရက်ပိုင်း၊ လပိုင်း အတွင်းမှာ ရယူနိုင်ခဲ့သည် မဟုတ်ဘူး။

Saudi Arabia ကလပ် Al Nassr ကို သူပြောင်းတော့ အသင်း၏ Instagram account ကို follow လုပ်သူ ယခင်ထက် ပိုပြီး များလာခဲ့၏။ အသင်း၏ အခြား social platform တွေမှာလည်း ထိုနည်းတူစွာပင်။ Ronaldo effect က ထိုမျှထိ သက်ရောက်မှု ရှိလှပေ၏။ သူ့ကို လေးစားအားကျ အတုယူကြသည့် လူငယ် ကစားသမားတွေလည်း အများကြီး ရှိ၏။ သူ့လို ဖြစ်ဖို့ ကြိုးစားကြပေလိမ့်မည်။

ဘောလုံးမှာမှ မဟုတ် အခြားသော အားကစားနည်း နယ်ပယ်တွေမှာတောင် Ronaldo ၏ အောင်ပွဲခံ ပုံစံ Siuu ကို တုပ အောင်ပွဲခံကြသည် အထိပင်။ Physical Game နယ်ပယ်မှ မဟုတ် eSports နယ်ပယ်မှာတောင် Siuu က လွှမ်းမိုး လွန်းလှပေ၏။ ကျနော်တို့ မြန်မာ လူငယ်တွေနဲ့ ရင်းနှီးသည့် Mobile Legends game မှာ Pro player အဖြစ် ကစားနေသူတွေတောင် Ronaldo ၏ အောင်ပွဲခံ ပုံစံ အတိုင်း အောင်ပွဲ ခံကြသည် အထိပင်။

မြက်ခင်းစိမ်းပေါ်မှာ Ronaldo ကို မြင်ရဖို့ အချိန် သိပ်မကျန်၊ မများတော့ပေ။ မကြာမီ အသက် ၄၀ ပြည့်တော့မည့် သူတယောက်က ဒီလောက်ထိ လုပ်ခဲ့ လုပ်နေ လုပ်ပြချင်နေသေးတာက ဩချ ချင်စရာ။ သူ့ ရည်မှန်းချက်က ဂိုးပေါင်း 900 မဟုတ် ဂိုးပေါင်း 1000 တဲ့။ CR7 တယောက် သူ မျှော်မှန်းထားသည့် ဂိုး အရည်အတွက် ပြည့်မှီအောင် သွင်းယူနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

အားလုံးပဲ Siuu.....

(photos from CR7 Facebook page)



0
0
0.000
0 comments