Sir Alex Jr?
Man United နည်းပြသစ် ဖြစ်လာမယ့် Ruben Amorim ဟာ United အသင်းဆီ ရောက်မလာခင်၊ Sporting CP အတွက် သူ့ရဲ့ နောက်ဆုံးပွဲ မတိုင်ခင်မှာ စကားတခွန်း ပြောခဲ့ပါတယ်။ ဒီပွဲကိုသာ နိုင်ခဲ့ရင် Sir Alex လက်သစ် United ကို ရောက်လာပြီဟု လူတွေ ပြောကြလိမ့်မယ် ဆိုပြီး။
တော်တော်များများက ဒီကောင် အာချောင်နေပြီပေါ့။ Sporting အတွက် သူ့ရဲ့ နောက်ဆုံးပွဲက Man City နဲ့ကိုး။ ချန်ပီယံလိဂ် ပွဲစဉ်၊ အိမ်ကွင်းမှာ ကစားရမယ် ကျန် အနေအထားအရ Man City က သူတို့ထက် သာတယ်။ ဒါကို ပွဲ မတိုင်ခင် Amorim က ခုလို ထပြောလိုက်တော့ ပွဲတွေ ဖြစ်ကုန်ရော။ Sporting သာ ရှုံးရင် ကောင်းကောင်း အပြောခံရပြီပဲ။ တကယ်တမ်း ကစားတော့ Sporting က Man City ကို 4-1 ဂိုးနဲ့ အနိုင်ရသွားပါလေရော။
ဂိုး စသွင်းတဲ့ အသင်းက Man City ဖြစ်ပါတယ်။ ပွဲ အစ 4 မိနစ်မှာ City ကစားသမား Foden က ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် 38, 46, 49, 81 မိနစ်တွေမှာ Sporting တို့က ချေပဂိုး အနိုင်ဂိုးတွေ သွင်းယူသွားခဲ့ပါတယ်။ Sporting ကစားသမား Gyokeres ဆို Hat Trick သွင်းယူပြီး အကောင်းဆုံး စွမ်းဆောင်ပြသွားခဲ့ပါတယ်။
Amorim အဖို့တော့ Sporting နဲ့ လှပတဲ့ လမ်းခွဲလေး ဖြစ်သွားခဲ့ပါပြီ။ အနိုင်နဲ့ နှုတ်ဆက်ခဲ့ပါတယ်ပေါ့လေ။ Man City ကို အနိုင်ကစားနိုင်ခဲ့လို့ ဒီပွဲ မတိုင်မီက သူပြောခဲ့တဲ့ Sir Alex လက်သစ် အဖြစ်နဲ့ ကြိုဆိုခံရဖို့လည်း ရှိသွားပါပြီ။ အသင်းဟောင်း Sporting အနေနဲ့လည်း Amorim ကို သေချာလေး ဂုဏ်ပြု နှုတ်ဆက်ပေးခဲ့ပါတယ်။ November 11 ရက်နေ့မှာတော့ Amorim တယောက် United ကို တရားဝင် ကိုယ်တွယ် သွားတော့မှာပဲ ဖြစ်ပါတယ်။
(Photos credit to respective Facebook Page)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 150000 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts: