Season 2 ended

avatar

စက်ဘီးက စီးဖို့ သွားယူထားပြီးခါမှ ပြန်ပို့ဖို့ ဖြစ်လာခဲ့တော့၏။ တိုက်ကွမ်ဒို ကစားဖို့ စက်ဘီးနဲ့ သွားလို့က ရ၏။ ထားဖို့ အဆင်မပြေခြင်း ဖြစ်၏။ နေရာ မရှိလို့ မဟုတ်ပေ။ နေရာက ရှိ၏။ ကျနော်က ထားဖို့ စိတ် မချ နေခြင်း ဖြစ်၏။ မမြင်ရသည့် မျက်ကွယ် နေရာ ဖြစ်နေသည်ကိုး။ ၃ လွှာထိ သယ်သွားရင်တော့ ရပေမယ့် သူများတွေက ဥစ္စာခြောက်ရန်ကောဟု ထင်ကြဦးမည်။ ဒါပေမယ့် ကိုယ့် ပစ္စည်းနဲ့ ကိုယ်ပဲ မလား။ ထို့ပြင် အခုက ကိုယ့် စက်ဘီးလည်း မဟုတ် သူငယ်ချင်း စက်ဘီး မလား။

ကဲ ပြန်ပို့မယ် ဆိုတော့ နောက်တခါ နင်းရပေလိမ့်ဦးမည်။ ဒါပေမယ့် ခုတကြိမ်ကကြ အဆင်းတွေ ချည်းပင်ဆိုတော့ တော်သေး၏။ ယူလာတုန်းက ချွေးပျံအောင် နင်းခဲ့ရသမျှ ပြန်ပို့ ချိန်မှာတော့ သက်တောင့်သက်သာလေး အလိုက်သင့် စီးမျောသွားရုံသာ။

သူငယ်ချင်း ကတော့ ဘာလို့ လာပြန် ပေးတာလဲတွေ လုပ်နေ၏။ အားနာလို့လား ဘာလားပေါ့။ ကျနော်လည်း အကျိုးအကြောင်း ပြောပြပြီး အားမနာကြောင်း၊ လမ်းလျှောက် သွားရင်လည်း ရနေကြောင်း၊ ယူထားပြီးမှ ပိုမိုပြီး ထိန်းသိမ်း နေရကြောင်းတို့ကိုပါ တပါတည်း ပြောပြ လိုက်၏။

ဤနေရာတွင်ပင် ကျနော်၏ တကျော့ပြန် စက်ဘီး ဇာတ်လမ်းက ထပ်မံပြီး တခန်းရပ်သွားခဲ့ရပြန်တော့၏။

ပြီးခဲ့သော တပတ်မှာတော့ တိုက်ကွမ်ဒိုကို တရက်သာ သွား ကစားလိုက်ရ၏။ ဗုဒ္ဓဟူးနေ့က ညနေခင်း Futsal ကန်မှာ မလို့၊ ကြာသာပတေးနေ့ကြတော့ ရှေ့ညက Futsal ကန်ထားလို့ အစရှိသဖြင့် နှစ်ရက် ဆက်တိုက် မသွား ဖြစ်လိုက်ပေ။ တနင်္လာနေ့ က မသွားဖြစ် အင်္ဂါနေ့ တရက်သာ ရောက်သေး၏။ ဒီ တပတ်တော့ ဘယ်လို လာဦးမည် မသိပေ။ လောလောဆယ်တော့ နေလို့ သိပ်မကောင်း နေပေ။

ပြောရရင် အင်္ဂါနေ့ ကတည်းက အီစိမ့်နေသည့် ကိုယ်ခန္ဓာကိုယ်နဲ့ နေ့ရက်တွေကို ကုန်လွန် သွားနေရခြင်း ဖြစ်၏။ ထိုပုံစံနဲ့တင်ကို Futsal ၂ ပွဲတော့ ရအောင် ကန်ထားသေး၏။ သို့ပေမယ့် အရင်လောက် ကန်လို့ မကောင်းနေပေ။ စိတ်သွားတိုင်း ကိုယ် မပါနိုင် ဖြစ်လို့နေ၏။ မနေ့ညက Futsal ကန်ပြီး ရေချိုး၏။ အမှန်တော့ ရေက ကန်တိုင်း ချိုးနေကြ ဖြစ်၏။ နွေ မိုးဆောင်း မရွေး ကန်ဖြစ်တိုင်း ရေချိုး၏။

ညတုန်းကတော့ အေးအေးဆေးဆေး ပင်။ မနက် အိပ်ရာထတော့ နှာစေး နှာပိတ် နှာရည်ယိုနေ၏။ ကိုယ်တွေ လက်တွေ အနည်းငယ် ကိုက်၏။ အစားစားပြီး ဆေးသောက်၏။ နေလို့တော့ မသက်သာ သေးပေ။ ညပိုင်းမှာ ညစာ စားပြီး ဆေးထပ်သောက်ထား၏။ ဒီညတော့ စောစော အိပ်မှ ဖြစ်မည်။ သွားကစားနိုင် မကစားနိုင်ကတော့ မနက် အိပ်ရာထမှပဲ သိပေတော့မည်။



0
0
0.000
5 comments
avatar

!PGM !MEME

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS tokens to @uthantzin

remaining commands 8

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

သင့်ကျန်းမာရေးကို ဂရုစိုက်ပါ။ Enervon C ကို အမြဲမှီဝဲပါ။ !PIZZA !LUV

0
0
0.000