ဆူ

avatar

ဘေးချင်းကပ် အိမ်မှာ လူတွေ လာနေ နေကြပြီ ဖြစ်၏။ အိမ်မှာဆို လူတွေ မနေလို့ ဘာတွေ နေရမှာလဲဟု မေးကြမည်ထင်။ ဘေးအိမ်က ကျနော်တို့ မပြောင်းလာခင် ကတည်းက လူမနေတာ ကြာပြီ ဖြစ်၏။ တော်တော်ကြာ တခါတလေမှ အိမ်ပိုင်ရှင်တွေ ခဏတဖြုတ် လာနေလေ့ ရှိ၏။ ဒါကလည်း ရက်ပိုင်းလေးတင်ပါ။ သူတို့က (၃) နေရာ၊ (၃) မြို့မှာ နေစရာ အိမ်တွေ ရှိ၏။ ရန်ကုန်၊ တောင်ကြီး နဲ့ မိုးနဲ မြို့တွေမှာ ဖြစ်၏။ ကလေးတွေက ရန်ကုန်မှာ ကျောင်းတက်သဖြင့် ရန်ကုန်မှာပဲ အနေများ၏။

ကြင်စိုး မွှေလို့ ကလေးတွေ ကျောင်း မတက်သည့်အချိန်မှသာ တောင်ကြီးအိမ်မှာ လာနေကြ၏။ ဒါတောင် မိုးနဲ မသွားခင် တောင်ကြီး ခဏ ဝင်နားသည့် သဘောမျိုး ဖြစ်၏။ လူမနေတာကြာတော့ ချုံ၊ မြက်တွေ ရှည်၊ ထူလာတာမျိုးတွေ ရှိတော့ တော်တော်လေး ရှည်၊ များလာပါက လူလွှတ်ပြီး ခြံရှင်းတာမျိုးတော့ ရှိ၏။ ဒါတောင် ခြံဝန်းလုံးပြည့် ကြမ်းခင်း လောင်းထား၏။ ချုံ၊ မြက်တွေက ကွဲနေသည့် ကြမ်းခင်းတွေ ကြားကနေ ပေါက်ခြင်း ဖြစ်၏။ သူတို့ ဝန်းထဲ အပင်ကြီး တပင်မှ မရှိပေ။ ဒါပေမယ့် သစ်ရွက် အမှိုက်တော့ အတော်လေး များ၏။ ကျနော်တို့၏ ပိန္နဲပင်မှ သစ်ရွက်တွေ သူတို့ ခြံဝန်းထဲ ကျသောကြောင့် ဖြစ်၏။ ​အပင်က အိမ်နှစ်အိမ်ကြား စည်းရိုးဘေးနားလေး ကပ်ပေါက်နေတော့ သစ်ရွက်တွေ သူတို့ ခြံဝန်းဘက်သို့ ​ကျလေ့ရှိ၏။

တရက်သားကဆို ပိန္နဲပင်မှ အသီးတလုံးတောင် သူတို့ ခြံဝန်းထဲ ပြုတ်ကျသွားသေး၏။ ကျနော်တို့ မမြင်၊ သတိမထားမိသည့် အသီးက အမှည့်လွန်ပြီး ပြုတ်ကျသွားခြင်း ဖြစ်မည်။ အပင်အောက်မှာ ဘယ်သူမှ မရှိနေလို့ တော်သေး၏။

လက်ရှိ လာနေနေသည့် သူတွေက အိမ်ရှင်တွေတော့ မဟုတ်ပေ။ ဝယ်ထားသူတွေလား၊ ငှားထားသူတွေလားပဲ။ အနှီ အိမ်ကို ရောင်းမယ်ဟုလည်း ကြားထားသည်ကိုး။ ကျနော့် အိမ် လာလည်သည့် သူငယ်ချင်းတိုင်း ထိုခြံဝန်းလေးကို သဘောကျကြ၏။ သပ်သပ်ရပ်ရပ်လေးလည်း ရှိ၊ ရေ မီးစုံနှင့် ကားဂိုထောင်လေးပါ ပါ၏။

သူတို့ လာ မနေကြသေးခင်မှာ အရင်ဆုံးတော့ သန့်ရှင်းရေး လုပ်ကြရ၏။ ပစ္စည်းတွေ သယ်ဖို့ ကူဖို့လည်း မလိုပေ။ သူတို့ လူနဲ့ သူတို့ အဆင်ပြေနေသေးကိုး။ ကျနော့် တူ၊ တူမလေးတို့ အသက်အရွယ်လောက် ကလေး (၂) ယောက်လည်း ပါ၏။ ကိုယ်ပိုင်ကျောင်း တက်သည်ထင်၏။ မနက် မနက်ဆို private school ဝတ်စုံလေးတွေနဲ့ သွားတာ တွေ့တယ်ဟု အမေက ပြော၏။ ကျနော်က အစောထလေ့ရှိသူ မဟုတ် ရကား ဘယ်ကျောင်းက ဆိုသည်ကိုတော့ မသိပေ။ ပြီး ကျနော်တို့ မိသားစုက စပ်စပ်စုစု သိပ်မလုပ်၊ လုပ်ကျင့်မရှိရကား ဒီအတိုင်း မြင်မိတာလောက်လေးနဲ့သာ ရပ်၏။

အိမ်နီးချင်း ပေမယ့် ခုချိန်ထိ တော့ မေးထူး ခေါ်ပြောလည်း မရှိသေးပေ။ ပြီး ထိုအိမ်က သူတွေက တနေ့ကုန် နီးပါး အိမ်မှာ မရှိကြပေ။ မိုးချုပ်မှသာ ပြန်လာလေ့ ရှိ၏။ နားအေးတာပေါ့ဟု မိတ်ဆွေတို့ ထင်ကြပေလိမ့်မည်။ သူတို့ နှင့်အတူ ခွေးတကောင် ပါလာ၏။ ခွေးပေါက်လေးတော့ မဟုတ်ပေ။ အတော် အသင့် အရွယ်ရောက်ပြီးသား ခွေးတကောင် ဖြစ်၏။ သူတို့ အပြင်သွားက အဆိုပါ ခွေးက အိမ်စောင့် ကျန်ခဲ့၏။

အနှီခွေးက သူတို့ ထွက်သွားပြီး ကတည်းက ဟောင်၏။ တရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ် နေ့တိုင်း နီးပါး ဖြစ်၏။ တောက်လျောက် ဟောင်၏။ မောရင် ခဏနားပြီး ပြန်ဟောင်၏။ သူ ခဏတဖြုတ် အိပ်ချိန်လေးလောက်သာ ဟောင်သံ မကြားရပေ။ အိမ်ချင်း ကပ်လျက်ဆိုတော့ ထိုခွေးဟောင်သံက အနီးဆုံးနဲ့ အကျယ်ဆုံး ကြားနေရတော့၏။ ခုလည်း ဟောင်နေပြန်ပြီ။



0
0
0.000
6 comments
avatar

ကျွန်တော်လဲ ထိုခြံကိုကြိုက်ပါသည်။

0
0
0.000
avatar

!PGM !PIZZA

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS tokens to @uthantzin

remaining commands 4

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000