Road to 48
Leverkusen အသင်းကို ရပ်တန့်နိုင်မည့် အသင်း မရှိတော့လေသလား။ သူတို့ဟာ ခုဆိုရင် ပြိုင်ပွဲစုံ 47 ဆက် ရှုံးပွဲ မရှိ စံချိန်နဲ့ ဆက်ပြီး ခရီးဆက်နေပါတယ်။ ဘင်ဖီကာအသင်းရဲ့ 48 ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကို လိုက်မှီဖို့ တပွဲသာ လိုပါတော့တယ်။ အဆိုပါ စံချိန်ကို လိုက်မှီပြီး စံချိန်သစ်ပါ တင်သွားနိုင်မလားကတော့ စိတ်ဝင်စားစရာပင်။
ဒီနေ့ မနက်က ကစားသွားသည့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ Roma ကို 0-2 ဂိုးဖြင့် Leverkusen တို့ အနိုင်ရသွားခဲ့၏။ ဗိုလ်လုပွဲ တက်ဖို့လည်း အတော်လေး အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်၏။ ဒုတိယအကျော့ အိမ်ကွင်းမှာ ထိန်းကစားလိုက်နိုင်ရင် ဗိုလ်လုပွဲ ရောက်ပြီ။ Leverkusen တို့ ဖလား 3 လုံး လမ်းကြောင်း ပေါ်မှာ ပြေးနေ၏။
Xabi Alonso လက်ထက် Leverkusen အသင်းက မထင်မှတ်ထားတာတွေ လုပ်ပြပြီး အားလုံးကို အံအားသင့်စေခဲ့၏။ ဒီရာသီ Leverkusen အသင်းက တကယ့်ကို ချီးကျူးစရာပင်။ Alonso ၏ ဦးဆောင်မှု နှင့်အတူ အသင်းသားတွေ၏ ကြိုးစားအားထုတ်မှုက အံ့မခန်းပင်။ တကယ်ကို ခမ်းနားလှပေ၏။
လူမသိ သူမသိ တိတ်တိတ်လေး ကပ်တိုးလေး ရှုံးနေတာက Tottenham ဖြစ်၏။ မနက်က Chelsea နှင့် (EPL Round 26 ပွဲကျန်) အဝေးကွင်းပွဲမှာ 2-0 ဖြင့် ရှုံးနိမ့်သွားခဲ့ပြန်၏။ ယခု တပွဲအပါအဝင် Tottenham တို့ EPL မှာ 3 ပွဲဆက် ရှုံးပွဲ တွေ့ကြုံထားပြီ ဖြစ်၏။ ရှုံးပွဲဆက်နေသည့် Tottenham တို့ လာမယ့် Sunday မှာ Liverpool နှင့် အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်၏။ ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်မလား ဒါမှမဟုတ် အရှုံးပေါ် အရှုံးထပ်ဆင့်သွား မလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။
ဥရောပလိဂ်ဖလား ပြိုင်ပွဲတွေထဲမှာ တသင်းသာကျန်သည့် Aston Villa ကလည်း အိမ်ကွင်းမှာ Olympiacos ကို 2-4 နှင့် ရှုံးနိမ့်သွားခဲ့ရ၏။ ဗိုလ်လုပွဲ တက်နိုင်ဖို့ ခက်ခဲ သွားခဲ့ပြီ ဖြစ်၏။ ဒုတိယအကျော့ Olympiacos ကွင်းမှာ မထင်မှတ်တာတွေ လုပ်ပြ နိုင်မလားကတော့ စောင့်ကြည့်ရုံမှတပါး မရှိတော့ပေ။
(photos from Leverkusen Facebook page)
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻