ပြင်ဆင်၊ လဲလှယ်

avatar

ဒီနေ့က နည်းနည်း အလုပ်ရှုပ်ရသည့် နေ့ ဖြစ်ချေ၏။ မနေ့ ရှေ့တနေ့က ခြံတခါး အပွင့်မှာ နွား ဝင်လာခဲ့၏။ အနှီနွားကြောင့် အဝတ်လျှော်စက်၏ ရေဆိုး ထုတ်ပိုက် ပျက်သွားခဲ့ရ၏။ ဖြစ်ပုံက ဒီလို ခြံတခါး ပွင့်နေချိန် နွားက ဝင်လာ၊ နွားရဲ့ နောက်မှာက ရေသန့် ပို့တဲ့ ညီလေးက ဝင်လာ၊ သူ့ကို နွားက လန့်ပြီး ပြေးမိပြေးရာ ပြေားရာက အိမ်နောက်ဖေး သန့်စင်ခန်းကြား နားထိ ရောက်သွားခဲ့၏။ အဲ့မှာ ကိုယ်ရွှေနွားကြောင့် ရေပိုက် ပြတ်(ပျက်) သွားခဲ့ရ၏။ ကိုယ်ရွှေနွားက ပြန် မထွက်သွားခင် အင်အင်းပါ ပါချသွားခဲ့သေး၏။

အမှန်တော့ ရေပိုက်ကို မနေ့က ဝယ်လဲ မလို့ ဖြစ်၏။ အကြောင်းအမျိုးမျိုးကြောင့် မနေ့က မသွားဖြစ်ဘဲ ဒီနေ့မှ သွားဖြစ်ခဲ့ခြင်း ဖြစ်၏။ သိကြတဲ့အတိုင်း ကုန်ဈေးနှုန်းက တက်ပြီးရင်း တက်ဆိုတော့ အရင် တချောင်း ၅၀၀ တန်က ခု ၂၅၀၀/ ၃၀၀၀ လောက် ပေးရ၏။ တခြား ရေပိုက်ဘားတွေကလည်း ရေမလုံတော့သဖြင့် ရေပိုက်ဘားတွေပါ တပါတည်း ဝယ်ခဲ့၏။ ရေပိုက်ဘား ၂ ခု၊ ရေပိုက်ခေါင်း ၁ ခု၊ ပိုက်ဆက် ၂ခု၊ ရေဆိုးထုတ်ပိုက်လေး ၁ ချောင်း ပေါင်းကို တသောင်းလောက် ကုန်သွား၏။

ပြန်ရောက်တော့ လဲဖို့၊ ပြင်ဖို့ လုပ်ရ၏။ စလုပ်ထားတုန်းက ရေအားတွေနဲ့ ကန်ထွက်လို့ ကော်တွေ သုံးခဲ့တာ ခု ပြန်ဖြုတ်ချင်တော့ မလွယ်တော့ပေ။ မရသည့် အဆုံး ဘားအဆက် အနီးနားကနေသာ လွှနဲ့ တိုက်ဖြတ်လိုက်တော့၏။ အဲ့နည်းကပဲ ပိုမြန်လိမ့်မည်။ ဘာမှသာ မဟုတ်တာ အချိန် အားဖြင့် တနာရီလောက် ကုန်သွား၏။ အရစ်နဲ့ ရေပိုက်ခေါင်းက ရေမလုံလို့ ဖြုတ်လိုက် ပိုက်တိပ် ရစ်လိုက် မရ၊ မလုံသေးလို့ ပြန်ဖြတ်၊ ထပ်ရစ် နဲ့ ၃ ခေါက်လောက် လုပ်လိုက်ရသေး၏။ အထူကြီး ရစ်မိရင်လည်း ရစ်ပြီး ထည့်မရမှာ စိုးသဖြင့် လိုမှ တိပ်ထပ်ရစ်တော့ အချိန် ပိုကြာသွားခဲ့၏။

အားလုံးပြီးတော့ နေ့ခင်း တနာရီပင် ခွဲနေပြီ။ မနက်က ပေါင်မုန့် ၃ ချပ်ပဲ စားထားတော့ ဗိုက်က အတော်လေး ဆာနေခဲ့ပြီ။ လုပ်လက်စတွေ ထားပြီး စားရင် ရပေမယ့် ထိုသို့ တို့လို့ တန်းလန်းကြီး မထားလို သဖြင့် ပြီးအောင်သာ အရင် လုပ်လိုက်၏။ ဒါမှ ပြင်လို့ပြီး ထမင်းစား တန်းနားလို့ ရပြီ ဖြစ်၏။

ရေပိုက်လည်း အသစ် ပြင်လဲ ပြီးပြီ။ ရေစိမ့်နေတဲ့ ရေဘားတွေလည်း လဲပြီး သွားခဲ့ပြီ။ ရိုပေါက်တွေတော့ ပိုက်ထားနိုင်ခဲ့ပြီ ဖြစ်၏။ စိတ်၏ ရိုပေါက်ကိုသာ ပိတ်နိုင် ပြင်နိုင်ဖို့ ကျန်၏။ စာရေး မပျင်းဖို့ ပိုစ့် မှန်မှန် ပြန်တင်နိုင်ဖို့ အရင်လို စာတွေ ကြိုကြိုတင်တင် ပြန်ရေးတာမျိုးတွေပေါ့။



0
0
0.000
20 comments
avatar

!lol
!meme

0
0
0.000
avatar

အစ်ကို Appeal ကလွတ်သွားပြီပဲ...အခုမှပဲ ဝင်ကြည့်မိတော့တယ်...congratulation ပါအစ်ကို...!PGM !LOLZ

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO - 0.005 SCRAP tokens

remaining commands 4

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

ဟုတ်တယ်ဗျ။
ကျေးဇူးပါ။
!pizza

0
0
0.000
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You got more than 10500 replies.
Your next target is to reach 11000 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Our Hive Power Delegations to the September PUM Winners
Feedback from the October Hive Power Up Day
0
0
0.000