ပြည်နယ် ဘောလုံးကွင်းသို့

avatar

မနေ့က ဘောလုံးပွဲ သွားကြည့် ဖြစ်၏။ Online ပေါ်ကနေ မဟုတ်ဘဲ အပြင်မှာ live သွားကြည့် ဖြစ်ခဲ့ခြင်း ဖြစ်၏။ ပြည်နယ် ဘောလုံးကွင်းမှာ ကျင်းပခြင်း ဖြစ်၏။ ကွာတားဖိုင်နယ် အဆင့် ပွဲစဉ် တပွဲဖြစ်၏။ အုပ်စုပွဲနဲ့ (၁၆) သင်းအဆင့် ပွဲစဉ်များကိုတော့ ကျောက်တလုံးမြို့ရှိ ဘောလုံးကွင်းမှာ ကျင်းပခြင်း ဖြစ်၏။ ကွာတား၊ ဆီမီး၊ နောက်ဆုံး ဗိုလ်လုပွဲစဉ်တွေကိုတော့ ပြည်နယ်ကွင်းမှာ ကျင်းပခြင်း ဖြစ်၏။

တကယ်ဆိုရင်တော့ သွားကြည့်ဖို့က အစီအစဉ် မရှိပေ။ ကျနော်တို့ Futsal အသင်းက အသင်းသား ညီငယ် တယောက် ပါဝင်သည့် ပွဲစဉ် ဖြစ်နေလို့ သွားရောက် အားပေးခြင်း ဖြစ်၏။ အဆိုပါ ညီငယ် ကိုယ်တိုင် ကလည်း အချိန်အားရင် လာရောက် အားပေးဖို့ ပြောထားတာလည်း ပါ၏။ သူ အိမ်ထောင်မကျ ခင်တုန်းကတော့ Futsal ပုံမှန် လာကန်လေ့ ရှိ၏။ အိမ်ထောင်ကျပြီးနောက် ကျနော်တို့ အသင်းနဲ့ လာ မပူးပေါင်း ဖြစ်တော့ပေ။ မြို့ကနေ နာရီဝက်လောက် မောင်းမှ ရောက်သည့် ရွာက ညီမတယောက်နဲ့ အိမိထောင်ကျပြီး ထိုရွာမှာပဲ နေတော့ တက်လာဖို့က သိပ်မလွယ်တော့ပေ။ ပြီး ကျနော်တို့က ညနေပိုင်း ကန်ကြတာဆိုတော့ ကန်ပြီး ချိန်က အတော်လေး နောက်ကျ၏။ ဝေးဝေး ပြန်ရမယ့် သူ့အတွက် အဆင် မပြေပေ။ ထို့ကြောင့် Futsal လာ မကန် ဖြစ်တော့ပေ။

ကျနော်တို့နဲ့ futsal လာ မကန်ခင် ကတည်းက သူက ကွင်းကြီး ကန်နေခဲ့ပြီး ဖြစ်၏။ ထို့ပြင် futsal တွေ ခေတ်စားလာတော့ futsal club အသင်းတွေနဲ့ ပြိုင်ပွဲ ဝင်တာမျိုးတွေ ဘာတွေ ရှိ၏။ သူက ဂိုးသမား ဖြစ်၏။ ကျနော်တို့ futsal အသင်းမှာ သူ ရှိတုန်းကဆို ချိန်းပွဲတိုင်း နီးပါး အေးအေးဆေးဆေး ကန်လို့ရ၏။ ဂိုးအတွက်က လှည့်ကြည့်စရာ မလိုလှအောင် စိတ်ချရ၏။ မန်ယူက အိုနာနာလို စိတ်ပူ နေစရာ၊ စိတ်မချစရာ မလိုပေ။

ကျနော်တို့ futsal အသင်းမှာ လာ မပူးပေါင်း ဖြစ်တော့ပေမယ့် ရွာ၏ ကွင်းကြီး အသင်းမှာ သွားရောက် ပူးပေါင်းပြီး ပြိုင်ပွဲတွေတော့ ကစား၏။ ပအိုဝ့်တိုင်းရင်းသား ရွာတွေက မကြာခဏ ဘောလုံး ပြိုင်ပွဲတွေ ကျင်းပကြလေ့ ရှိ၏။ အဆိုပါ ညီငယ်လည ရွာနဲ့ ရွားအနီးအနားက ဝါသနာရှင် လူငယ်များကို စုစည်းပြီး ရွာတွေမှာ ကျင်းပသည့် ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် ကစားလေ၏။

မနေ့က ပွဲကတော့ ရွာ ကိုယ်စားပြု မဟုတ်ပေ။ ယခင် သူနေခဲ့သည့် မြို့ပေါ်က ရပ်ကွက်ကို ကိုယ်စားပြုပြီး ကစား ပေးခြင်း ဖြစ်၏။ ရပ်ကွက်၊ ကျေးရွာ ပေါင်းစုံ ပါဝင် ယှဉ်ပြိုင်ကြသည့် ပွဲဖြစ်၏။

သူ့ကို အကြောင်းပြုပြီး ကျနော်လည်း မရောက်တာ ကြာသည့် ပြည်နယ် ဘောလုံးကွင်းသို့ တဖန် ပြန်လည် ရောက်ခဲ့ရလေတော့၏။ ခေတ်ကောင်း စဉ်တုန်းကတော့ မကြာခဏ ရောက်၏။ ထိုစဉ်က ပြည်နယ် ဘောလုံးကွင်းကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ရှမ်းယူနိုက်တက်၏ အိမ်ကွင်း အဖြစ် အသုံးပြု၏။ ရှမ်းယူနိုက်တက် ပွဲရှိသည့် ရက်တွေဆိုရင် ပြည်နယ်ကွင်းမှာ လူတွေ ပျားပန်းခပ် စည်ကားလှ၏။ နေရှင်လိဂ်၏ အိမ်ကွင်း ပရိတ်သတ် အများဆုံး အသင်း ပြောပါဆိုရင် ရှမ်း ယူနိုက်တက် အသင်းကို ပြရပေလိမ့်မည်။



0
0
0.000
7 comments
avatar

!PGM !LUV

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO - 0.005 SCRAP tokens

remaining commands 6

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000