ပျော်ပျော်ကြီး စီတန်း

ဒီနေ့တော့ ဒုတိယအကြိမ်မြောက် ထပ်မံ တန်းစီရပြန်၏။ ဒီနေ့က အလုပ်တွေက ဘာတွေ ရှုပ်လို့ ရှုပ်နေမှန်းကို မသိပေ။ အမငယ်၏ ဆိုင်ကယ်ကို ပြင်ပေးပြီး ဆီရပြီဆိုပြီး သူငယ်ချင်းက ပြောလို့ ဆီသွားတန်းစီရပြန်၏။ ဒီနေ့တော့ အကြာကြီး မစောင့်လိုက်ရပေ။ စောင့်နေရင်းကနေ ဆီတန်း တဝက်ကနေ ဖြတ်ပြီး ဆီ ထည့်ပေးပြန်၏။ အစောပိုင်းက ဆီဂေါက်တခုထဲကနေပဲ ထည့်ပေးခြင်း ဖြစ်၏။ နောက်ပိုင်းမှ နောက်ထပ် ဆီပန့်တခုကနေ ထပ်ဖြည့်ပေးခြင်း ဖြစ်၏။ ကံကောင်းပြန်ပေါ့။

ပထမအကြိမ်တုန်းက 92 ကို 5000 ဖိုးသာ ရ၏။ ဒီနေ့တော့ 95 ပါရပြီ ဖြစ်၏။ ပျော်၏။ 95 ကို 10000 ဖိုး ထည့်လိုက်၏။ ဆီတိုင်ကီ အပြည့်ရ၏။ ဟိုနေ့က လက်ကျန်ဆီ 92 အနည်းငယ် ရှိသေးသည်ကိုး။ လက်ရှိ 95 ဆီဈေးက 1 L ကို 3000 ဖြစ်၏။ 3 L ပိုပိုလေးတော့ ရမည် ဖြစ်၏။ ဘာပဲပြောပြော 3,4 ရက်လောက်တော့ အဆင်ပြေသွားခဲ့ပြီ ဖြစ်၏။ နောက်ရက်တွေဆိုရင်တော့ ပြန် အဆင်ပြေပြီလို့ ပြောတာပဲ။ ပထမကြိမ် တန်းစီရတုန်းကလည်း ဆီဆိုင်က သူတွေက ထိုသို့ ပြောခဲ့သေး၏။

ဒီနေ့တော့ စာလည်း အရှည် မရေးနိုင်တော့ပေ။ သည်းခံ ပေးကြကုန်။ ဆီတန်းစီရတာရယ်၊ တခြားဟာ‌တွေ လုပ်ရတာနဲ့ပဲ ဒီနေရာမှာပဲ ဒီစာကို ရပ်လိုက်ပါတော့မည်။



0
0
0.000
12 comments
avatar

နောက်ရက်တွေဆို ဆီ က အဆင် ပြေမယ်လို့
ပြောကြတာပဲဗျာ။
!LOLZ
!MEME

0
0
0.000
avatar

ဒီမှာလည်း အဲ့လိုတော့ ပြောတယ်ဗျ။

0
0
0.000
avatar

ဓာတ်ဆီပြဿနာက အတော်ဆိုးတယ်ဗျာ။
အာဏာရူးပြီးကတည်းက ကျွန်တော်တို့ ပြည်သူလုထုဘဝတွေ
ဘာတစ်ခုမှ အဆင်မပြေတော့တာပဲ...

!PIZZA

!LUV

0
0
0.000
avatar

ဟိုတစ်ရက်ကရောက်ခဲ့သေးတယ်၊ မြို့အထွက်boc
!hiqvote

0
0
0.000
avatar

မြို့ထဲ boc ထက်စာရင်တော့ သူက တန်းစီရတာ လူနည်းလို့ တော်သေးတယ်။

0
0
0.000
avatar

@princekham, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.

In addition, @donjaun gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

A father was washing his car with his son
And the son says, “dad, can’t you use a sponge?”

Credit: reddit
@donjaun, I sent you an $LOLZ on behalf of hiq.smartbot

(8/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

0
0
0.000