No, England Can't

မနေ့က မြန်မာစံတော်ချိန် ည 7 နာရီခွဲနှင့် 10 နာရီခွဲမှာ ကစားခဲ့သည့် Group C ပွဲစဉ် နှစ်ပွဲလုံး သရေရလဒ်တွေသာ ထွက်ပေါ်ခဲ့၏။ Slovenia vs Serbia ပွဲကော၊ Denmark vs England ပွဲစဉ်ကော တဖက် တဂိုးစီဖြင့် သရေကျခဲ့၏။ နာမည်ကြီး England ၏ ခြေစွမ်းကတော့ အားရစရာ မရှိပေ။ လူငယ် ခြေတက် ကစားသမား ကောင်းတွေ အများကြီး ပါဝင်နေပေမယ့် လိုချင်သည့် ရလဒ်ကိုတော့ ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ခြင်း မရှိပေ။ ဒီပုံအတိုင်းဆို အုပ်စု အဆင့်က တက်ခဲ့ရင်တောင် ရှုံးထွက်မှာ ပြုတ်ကောင်း ပြုတ်သွားနိုင်၏။ ရေပန်းစားနေသည့် ခေတ်ဗန်းစကားသုံးရသော် ဟာသ အသင်း ဖြစ်၏။
မနေ့ကပွဲမှာဆိုရင် Denmark ကတောင် အခွင့်အရေးတွေ ပိုရခဲ့သေး၏။ ပွဲပြီးခါနီး မိနစ်ပိုင်းမှာရသည့် အခွင့်အရေးတခုကို Denmark ကစားသမားက သေချာ အသုံးမချ နိုင်ခဲ့လို့သာ England တို့ ကံကောင်း သွားခဲ့၏။ Group C အနေအထားက ပြောရခက်နေသေး၏။ England ကတော့ အုပ်စုအဆင့် ကျော်ပေလိမ့်မယ်။ ဒါပေမယ့် အုပ်စု ပထမလား၊ ဒုတိယလား၊ ဒါမှမဟုတ် အကောင်းဆုံး တတိယ ဖြစ်သွားမလားကတော့ အုပ်စု နောက်ဆုံးပွဲ ဖြစ်သည့် Slovenia နှင့် ပွဲမှာ အဆုံးအဖြတ် ပေးပေလိမ့်မည်။

အိမ်ရှင် Germany လိုပဲ ရာနှုန်းပြည့် နိုင်ပွဲ ရယူထားသည့် အသင်းက Spain ဖြစ်၏။ ဒီနေ့ မနက် 1 နာရီခွဲမှာ ကစားခဲ့သည့် Italy နှင့်ပွဲကို အနိုင်ကစားပြီး 2 ပွဲ ကစားပြီး 6 မှတ် ရယူထားနိုင်ခဲ့၏။ နိုင်တယ် ဆိုပေမယ့်လည်း 1 ဂိုးထဲနှင့်သာ၊ ဒါတောင် Italy ကစားသမား Calafiori ၏ ကိုယ့်ဂိုးကို ကိုယ်သွင်းပေးသည့် ဂိုး ဖြစ်၏။ ဘာပဲ ပြောပြော ဘယ်နှယ်ဂိုးနှင့် ဘယ်သူပဲ သွင်းသွင်း အဓိကက နိုင်ဖို့ပဲ မဟုတ်လား။
ထုံးစံအတိုင်း ဒီနေ့လည်း ည 7 နာရီခွဲ၊ ည 10 နာရီခွဲနှင့် မနက် 1 နာရီခွဲတွေမှာ Euro ပွဲစဉ်တွေ ဆက်လက်ပြီး ကစားသွားဖို့ ရှိနေ၏။ မနက် 1 နာရီခွဲမှာတော့ Group D ၏ ပွဲကောင်း တပွဲဟု ပြောလို့ရသည့် Netherlands vs France တို့၏ ပွဲစဉ် ရှိနေ၏။ နှစ်သင်းလုံးက အုပ်စု အဖွင့် ပွဲစဉ်တွေမှာ ပြိုင်ဘက်တွေကို အနိုင် ကစားထားခဲ့ပြီး မို့ ခု ဒုတိယပွဲစဉ်က အုပ်စု ပထမ နေရာ အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။
ကြည့်ရှု အားပေးစရာ အဖြစ် Euro ပွဲတွေ အပြင် Copa America ပွဲစဉ်တွေလည်း စတင်ကစားနေပြီ ဖြစ်၏။ ဒီနေ့ မနက် 6 နာရီခွဲမှာ Argentina vs Canada တို့ ယှဉ်ပြိုင် ကစားကြ၏။ Argentina က 2-0 ဖြင့် အနိုင်ရသွားခဲ့၏။ Messi ဂိုး မသွင်းပေမယ့်လည်း အသင်းဖော်တွေ ဂိုးသွင်းနိုင်ရန် ဖန်တီး ပေးခဲ့၏။ Goat နှစ်ယောက်ကတော့ သူတို့ရဲ့ နောက်ဆုံး နိုင်ငံတကာ ပြိုင်ပွဲမှာ အစွမ်းတွေပြနေကြ၏။
Copa ပွဲတွေကကြ မနက်ခင်း အစောတွေချည်း ဖြစ်၏။ မနက် 4 နာရီခွဲ၊ 6 နာရီခွဲ၊ 7 နာရီခွဲအစရှိသဖြင့်ပေါ့။ တလလောက် မအိပ်ဘဲ နေနိုင်သည့်ဆေးမျိုး ရှိရင် သောက်ထားသင့်၏။ ဘယ်ပွဲတွေမှ မလွတ်ချင်ဘူး ဆိုရင်ပေါ့။ Euro ပွဲတွေ ကြည့်ပြီးသည်နှင့် Copa ပွဲတွေ ဆက်ပြီး ကြည့်ရုံပင်။

(photos from Euro & Copa America Facebook pages)
!hiqvote
@princekham, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻