ငါ ကွ

avatar

မနေ့က အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲမှာ အိမ်ရှင် အာဆင်နယ်က တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့၏။ စပါးအသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက် တူပေမယ့် သွင်းဂိုး နည်းလို့ထင် အဆင့် (၂) နေရာမှာ ရပ်တည်နေ၏။ မန်စီးတီး အနေနဲ့ကတော့ ယခု ရှုံးပွဲကြောင့် အဆင့် (၃) နေရာသို့ ရောက်သွားခဲ့၏။ လီပါပူးကတော့ မနေ့က ဘရိုက်တန်နဲ့ အဝေးကွင်းမှာ တဖက် နှစ်ဂိုးစီဖြင့် သရေကျခဲ့၏။ လီပါပူးတို့ အနေနဲ့ အမှတ်ပေး ဇယားရဲ့ အဆင့် (၄) နေရာမှာ ရပ်တည်နေပါတယ်။ ယူနိုက်တက် ကတော့ အဆင့် (၁၀) နဲ့ ချယ်လ်ဆီးကတော့ အဆင့် (၁၁) မှာ ရပ်တည်နေပါတယ်။

ဒီရာသီ မန်ယူနဲ့ ချယ်လ်ဆီးတို့ အ‌ခြေအနေက သိပ် အကောင်းကြီး မဟုတ်နေခဲ့ပါဘူး။ ခုထိ လိုအပ်ချက်တွေ ပြုပြင်ရမယ့် အချက်တွေ အများကြီး ရှိနေခဲ့ပါတယ်။ ရှုံးပွဲတွေ တွေ့နေရတာခြင်း တူပေမယ့် ချယ်လ်ဆီးအသင်းကတော့ နိုင်ပွဲတွေ ပြန်လည် ရရှိလို့ လာနေပြီ ဖြစ်ပါတယ်။ အနိုင်ရလဒ်ကို ဆက်လက်ပုံဖော်နိုင်ပြီး ပုံစံကောင်းတွေ ထိန်းထား နိုင်မလားကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးတို့ အနေနဲ့ premier league တခုထဲကိုသာ အာရုံစိုက်ဖို့ ရှိနေခဲ့တာပါ။ ရာသီ မစခင်တည်းက ချယ်လ်ဆီးကို အတော်လေး ထင်ခဲ့ကြတာပါ။ ဥဥရောပပွဲတွေ မကစားရတော့ premier league မှာ သူတို့တွေ အများကြီး လုပ်ပြ နိုင်မယ်လို့ အားလုံးက ထင်မြင်ခဲ့ကြတာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ အားလုံး ထင်ထားသလို မဖြစ်လာခဲ့ပါဘူး။ ရာသီ စကတည်းက ရုန်းကန်နေခဲ့ရပါတယ်။ နိုင်ပွဲတွေ စတင် ရရှိလာမှုနဲ့အတူ ပြန်လာနိုင်မလားကတော့ ဆက်စောင့်ကြည့်ရပါဦးမယ်။ ရာသီ အလယ်လောက် တခြားအသင်းတွေ ပွဲပန်းလာချိန်မှာ ချယ်လ်ဆီးတို့ အနေနဲ့ အခွင့်အရေးယူနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

မနေ့က ပွဲကျန်တွေလည်း ကန်ပြီး သွားပြီမို့ ကိုယ့် fantasy premier league အခြေအနေလေး သွားကြည့် ဖြစ်ပါတယ်။ အခြေအနေ မကောင်းဘူးရယ်။ အမှတ်က average အောက်တောင် ရောက်သွားသေးတယ်။ မနေ့ တနေ့က 17 မှတ် ရထားတယ်။ ခုက 29 မှတ်ဆိုတော့ 12 မှတ်ပဲ ထပ်ရတဲ့ သဘောပါ။ average က 44 မှတ်တဲ့လေ။ တော်လိုက်တဲ့ ကျနော်။ ပြောပါတယ် fantasy Manager ဂိမ်းမှာတော့ ကျနော်က မစွံတာကိုပေါ့။

လာမည့် တပတ်မှာတော့ premier league မရှိပေ။ နိုင်ငံတကာ လက်ရွေးစဉ် ပွဲတွေ Euro ခြေစစ်ပွဲတွေ ကစားဖို့ ရှိနေသဖြင့် league ပွဲစဉ်တွေ ဒီ တပတ်တော့ နားပေလိမ့်ဦးမည်။ ကလပ်ပွဲတွေ ခဏရပ်ပြီး နိုင်ငံပွဲတွေ ပြောင်း ကြည့်ကြတာပေါ့ဗျာ။



0
0
0.000
9 comments
avatar

!PGM !MEME

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO - 0.005 SCRAP tokens

remaining commands 7

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000