နောက်တမျိုး

မနေ့က Freebit မှာ WOF လှည့်မရသည့် အကြောင်း ပြောခဲ့၏။ ခုထိလည်း မရသေးပေ။ Freebit ကိစ္စ အပြင် နောက်ထပ် စိတ်ရှုပ်စေသည့် အကြောင်းအရာကို ဒီနေ့မှာ ပြောပြလို၏။ Online Earning လောကထဲ ဝင်ရောက်လာခဲ့ပြီးနောက် မသိသေးသည့် အကြောင်းအရာတွေ အများကြီး သိခဲ့ရ၏။ ငွေကြေး Investment နဲ့ သွားသူ မဟုတ်ဘဲ Free earning သမားမို့ အချိန်တော့ ပေးရ၏။ ငွေကြေးအားဖြင့် မရင်းနိုင်ပေမယ့် အချိန်အားဖြင့်တော့ လုံလောက်တာထက်ကို ပိုလျှံစွာ ရင်းနှီး ဖြစ်၏။

သိန်းသောင်းချီ မပိုင်ဆိုင်သေးပေမယ့် Wallet ပေါင်း၊ Exchange ပေါင်းကတော့ အများကြီး ဖွင့်ဖြစ်ခဲ့၏။ ပိုက်ဆံ မရှိသေးပေမယ့် ပိုက်ဆံအိတ်တွေတော့ အများကြီး ရှိနေပြီ ဖြစ်၏။ တဖက်က ကြည့်ပြန်ရင် ငွေတွေ အများကြီး ဝင်လာပါက ခွဲဝေပြီး ထည့်သိမ်းထားလို့ ရပြီပေါ့လေ။ ပြီးခဲ့သောလမှာ Binance နှင့် Bybit account ဖွင့် ဖြစ်၏။ verified လည်း ဖြစ်သွားပြီ။ မှတ်ပုံတင်နဲ့ပင် verified ဖြစ်သွားခြင်း ဖြစ်၏။

ကနဦးတုန်းက Binance မှာ မှတ်ပုံတင်နဲ့ တင်သေး၏။ မရပေ။ ထိုစဉ်က မှတ်ပုံတင်ပေါ်က အချက်အလက်တွေကို စာရွက် တရွက်ပေါ်မှာ English လို ရေးပေးရသေး၏။ ထိုနည်းနဲ့တုန်းက အဆင်မပြေ၊ မရခဲ့ပေ။ နောက်ပိုင်း မြန်မာ အဖွဲ့ကျယ်ပြန့်လာမှု နှင့်အတူ မှတ်ပုံတင်နဲ့ verify လုပ်ရတာ ပိုလွယ်လာခဲ့၏။ English လို ရေးပေးစရာ မလိုဝောာ့ပေ။ မှတ်ပုံတင်ကို နောက်ခံကောင်းကောင်းမှာ သေသေချာချာ ရှင်းရှင်းလင်းလင်း ပုံရိုက်တင်ပေးဖို့တော့လို၏။ မှတ်ပုံတင်က အသက် ၁၈ ပြည့်နေပြီး မလဲရသေးရင်၊ ၃၀ ပြည့်နေပြီး မလဲရသေးရင် verify မအောင်ပေ။ တချို့တွေဆို အဆိုပါအချက်တွေနဲ့ မငြိပေမယ့် verify မဖြစ်တာမျိုးလည်း ရှိတတ်ပြန်သေး၏။

Exchange account တွေ ဖွင့်ထားပြီးပေမယ့် ကောင်းကောင်းတော့ နားမလည်သေးပေ။ လေ့လာရင်း သုံးကြည့်ရင်း မေးမြန်းရင်းနဲ့ ဒီလိုပဲ သင်ယူပေါ့။

ကျနော်က phone ကို root လုပ်ပြီး သုံးသူ ဖြစ်၏။ phone root လုပ်ထားရင် Bank app, exchange app, crypto wallet တွေ သုံးမရပေ။ Magisk ကနေ Root hide (configure deny list) ထဲ အဆိုပါ app တွေကို ထည့်ထားမှသာ သုံးလို့ရ၏။ ထိုအကြောင်းကို ကျနော် ယခင်က ပိုစ့်တွေများ ပြောပြခဲ့ဖူး၏။ ထိုနည်းဖြင့် Banking app, kpay, Binance, Bybit အကုန် အေးဆေး သုံးလို့ရ၏။

လွန်ခဲ့သော နှစ်ပတ်လောက်မှာ Bybit app ကို update လုပ်ပြီးနောက်မှာတော့ သုံးလို့ မရတော့ပေ။ မင့် phone က root ရှိနေတယ် ဒါကြောင့် မရဘူး ဘာညာပေါ့။ Deny list ထဲ ထည့်ထားပေမယ့် ဘာကြောင့်များ သုံးမရနေသနည်း။ Bybit ပဲ update ဖြစ်သွားလို့လား။ အဲ့လို ပြောကြေးဆို Binance လည်း တခါတလေ update လာတာပဲလေ။ Binance ကကြ သုံးလို့ရနေ၏။ kpay လည်း သုံးလို့ရ၏။ Bybit တခုထဲ ဖြစ်နေတာ။

စပြီး သုံးကတည်းက မရတာမျိုး မဟုတ်ဘဲ version အဟောင်းမှာ ရနေပြီး update ဖြစ်သွားမှ မရခြင်း ဖြစ်၏။ Bybit ကို uninstall လုပ်ပြီး version အနိမ့်တွေ သွင်း စမ်းကြည့်၏။ မရပေ။ သို့နှင့် Magisk မှာ လုပ်ရသည့် အဆင့်တွေကို အစကနေ ပြန်လုပ်ကြည့်၏။ (Deny list သွင်းသည့်ကိစ္စ) မရပေ။ အဘယ်ကြောင့်နည်း။ တတ်သလောက် လုပ်ကြည့်ပေမယ့် မရနေပေ။ Google ခေါက်၊ YouTube videos တွေ ရှာကြည့်ပြီး လုပ်ပေမယ့် ရှာတွေ့သည့် နည်းတွေက ကျနော်လုပ်ပြီး လုပ်ဖူးသည့် နည်းတွေချည်းပင်။ ခက်တော့နေပြီ။

Bybit မရပေမယ့် Binance လေး ရနေသေးသဖြင့် ခဏနားထားလိုက်၏။ ဖြည်းဖြည်းချင်း အဖြေရှာပြီးမှပဲ စမ်းကြည့်တော့မည်။



0
0
0.000
2 comments