မုန်တိုင်းတဲ့လား

avatar

မုန်တိုင်းအရှိန် ရိုက်ခတ်မှုက ခုထိ မပြီးသေး။ မနေ့က တနေ့ကုန် မိုးရွာ၏။ နေ့ကော၊ ညကော ရွာ၏။ ဒီနေ့လည်း မနက်ခင်း ကတည်းက မိုးရွာနေ၏။ လေပါ ပါ၏။ မိုးက မကြီးပေမယ့် လေနှင့်အတူ တဖွဲဖွဲ ရွာနေ၏။ မိုးတစိမ့်စိမ့်ရွာသဖြင့် ရာသီဥတု အနည်းငယ် အေး၏။ တောင်ပေါ် ဒေသမို့ မိုးတအိအိနဲ့ ရွာရင် မြေပြိုတာတွေ ဖြစ်တတ်၏။ ကလော၊ အောင်ပန်းနှင့် ရွှေ‌ညောင် မြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာအချို့ ရေကြီး ရေလျှံတာတွေ ဖြစ်နေသည်ဟု ကြားသိရ၏။ တောင်ကြီးက တချို့နေရာမှာလည်း ရေကြီးတာမျိုးတွေ ရှိနေ၏။

Internet line တွေ မကောင်းသေးပေ။ လိုင်းကျလိုက် တက်လိုက်နဲ့။ တက်တာက ခဏပါ၊ ကျနေတာက များများ။ ရှေ့ရက်တွေမှာ ကတည်းက သုံးလို့ အဆင်မပြေပေမယ့်လည်း မနေ့နဲ့ ဒီနေ့မှာတော့ ပိုဆိုးနေ၏။ ဘာမှ လုပ်မရ။ Telegram Airdrop လည်း ကောက်မရ။ ကလစ်တာလည်း နည်းနည်းပဲ ကလစ်လို့ ရ၏။ အိမ်နားမှာက phone line မကောင်းပေ။ Wifi ကိုပဲ အားပြု သုံးနေရ၏။ Phone ပြောချင်ရင်တောင် လမ်းထိပ် ထွက်ထွက်ပြီး ပြောနေရ၏။ တလောက phone line တွေ အတော် ဆိုးတုန်းကဆို လမ်းမကြီးထိ တက်ပြီး phone ပြောရ၏။ မြို့ပေါ်နေပြီး လိုင်း မမိနေသည့် အဖြစ်။

စိတ်ညစ် စရာတွေ ချည်း လာပြောနေသည်ဟု မထင်ကြစေလိုပါ။ ဒီအတိုင်း ရင်ထဲ မွန်းကြပ်မှုကို စာလေးရေးပြီး ဖွင့်ထုတ်သည့် သဘောပါလေ။ ဒီအချိန် ဒီနိုင်ငံမှာ နေရတာ ဘယ်ဘဝက ဝဋ်ကြွေးတွေ ကြောင့်ပါလိမ့်။ ခေတ်မကောင်းဘူးလား၊ ခေတ်ကောင်းအောင်လုပ်ဖို့ အဲ့ခေတ်မှာ သင်ရှိနေတာပဲဟု မော်တီဗိတ်တာတွေ ပြောကြ၏။ တချို့ အရာတွေက တယောက်အားနဲ့ မရပေ။ အများစုပေါင်းပြီး လုပ်နိုင်မှရယ်။ ခေတ်ကောင်းအောင် စနစ်ဆိုးကို အရင် ဖြိုဖျက်နိုင်မှပဲ ရမည်။

မနက်က လေတွေ မိုးတွေ ကြမ်းနေပေမယ့် နေ့လည်ပိုင်းမှာတော့ မိုးရွာတာ နည်းသွား၏။ လေတော့ တိုက်နေသေး၏။ နောက်တချီ လာမလို့ ခဏအနားယူတာလား။ ဒါမှမဟုတ် မုန်တိုင်းများ အားပျော့ ပျက်ပြယ်ချင်လို့လားတော့ မသိပေ။ ဒီလောက်ကြီးတိုက်၊ ဒီလောက်ထိ ရွာပြီးရင်တော့ တော်သင့်ပြီ ထင်ပါရဲ့။ စကစ ပေးသည့် ဒုက္ခက တမျိုး၊ ရာသီဥတုကပေးသည့် ဝေဒနာက တဖုံနဲ့။

မနေ့ည ကတည်းက ပျက်နေသည့် လျှပ်စစ်မီးက ခုထိ မလာသေးပေ။ ရှေ့ရက်တွေက မီးတွေ မှန်နေပြီး ခု ဘယ်လို ဖြစ်သည် မသိပေ။ မီတာခလည်း တိုးကောက်မည် ပြောထား၏။ ကုန်ဈေးနှုန်းက ထပ်ပြီး တက်ဖို့သာ ရှိ၏။ ပြီးခဲ့သော လက ဝယ်ခဲ့သည့် ခေါင်းလျှော်ရည်နဲ့ ကိုယ်တိုက်ဆပ်ပြာက ဈေးထပ်တက်ပြန်၏။ စပြီး သုံးတုန်းက တဗူး ၃၅၀၀ ဖြစ်၏။ ထို့နောက် ၅၅၀၀ ခု မနေ့က ဝယ်တော့ ၇၀၀၀ တဲ့။ အိမ်း ... ဘာပြောလို့ ပြောရမည် မသိတော့ပေ။

(ယခုပိုစ့်က ရေတွေ မကြီးခင်ကတည်းက ရေးထားသည့် ပိုစ့် ဖြစ်၏။)



0
0
0.000
7 comments
avatar

ရေးဘေးဖြစ်လို့တဲ့ ဒီမှာ ခရမ်းချဉ်သီး တစ်ပိဿာ 8000 တဲ့
အင်း...

0
0
0.000
avatar

ကပ်ကြီးသုံးပါး တဲ့
အဲ့ကပ်ကြီးသုံးပါးထဲ ဟို လဒကြီးအဖွဲ့
အမြန်ဆုံး ဇာတ်သိမ်စေချင်ပါပြီ။
!LOLZ
!MEME

0
0
0.000
avatar

Did you hear about the cheese factory that exploded in France?
There was nothing left but de Brie.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

0
0
0.000