မမေ့ မလျော့
သတိမမူ ဂူမမြင်တဲ့။ မှန်ချက်။ တခြားမဟုတ်ပါဘူး၊ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရပေဦးမည်။ Rabona ပြန်ကစားတာ တပတ်ကျော်သွားခဲ့ပြီ ဖြစ်၏။ ဘောလုံး မန်နေဂျာ ဂိမ်းဆိုတော့ ကိုယ့် အကြိုက်ဆိုပြီး ကစား ဖြစ်ခဲ့၏။ စ ကစားတုန်းကတော့ အတော်လေး စိတ်ဝင်စားခဲ့၏။ ပြင်ပ အတိုင်းပဲကိုး။ အသင်းနဲ့ ပတ်သက်တဲ့ အလုံးစုံ ကိစ္စ အဝဝကို ကိုယ်ကပဲ တာဝန်ယူရတာ။ ကစားသမား စာချုပ်ချုပ်တာ၊ ဝယ်တာ၊ ရောင်းတာတွေ ပြီး ကွင်းတည်ဆောက် အဆင့်မြှင့်တင်တာတွေပါ အကုန်လုံးပါပဲ။
တခုပဲ ဂိမ်းထဲက players တွေကတော့ အပြင်မှာ တကယ်ရှိတဲ့ သူတွေ မဟုတ်ဘူး ရယ်။ ဒါကလည်း လိုင်စင် ကိစ္စနဲ့ မူပိုင်ခွင့်တွေ ဘာတွေကြောင့် နေမယ်။ Top 11 Manager ဂိမ်းနဲ့ နည်းနည်း ဆင်တူတယ်။ အဲ့ထက် ပိုသွားတာဆိုလို့ Rabona က Stadium ပိုင်းတွေပါ လုပ်ရတာ ပြီး Rabona က nft game မျိုး၊ အဲ့ နှစ်ချက်တော့ မတူဘူး။ Football Manager ဂိမ်းတွေနဲ့ မစိမ်းတာနဲ့ Rabona ကို ဆော့ ဖြစ်ခဲ့တယ်။
10$ ပေးသွင်းပြီးရင် ဆော့လို့ ရပြီ။ အဲ့ အရင်း 10$ ကလည်း Blockchain gaming မှာ တပတ်လောက် ပိုစ့်တင်လိုက်ရင် အရင်း ကျေပြီ။ ဒါ့ပြင် Rabona က ဘောလုံး ရာသီ တခု ပြီးတိုင်း ပြီးတိုင်း reward အနေနဲ့ Hive ပြန်ပေးတယ်။ အစောပိုင်းကတော့ 1 Hive လောက် ပေါ့။ ဒါပေမယ့် နောက်ပိုင်းကျ နည်းနည်းလာတယ်။ season တခုပြီးတိုင်း reward ကို မိမိ Hive account ထဲ တန်းပို့ပေးတယ်။ ၇ ရက်၊ ၈ ရက်နေရင် တကြိမ် ပို့ပေး (ရတယ်) တယ်။
အဲ့လိုကနေ သူ့ အလိုလို မပို့လာတော့ဘူး။ ကျနော်လည်း အရင်းလည်း ကျေပြီမို့ မဆော့ ဖြစ်တော့ဘူး။ အပြင်က ကစား သမားတွေ နဲ့ မတူတာရယ် RBN ကလည်း စျေး မတက်လာတာလည်း ပါတယ်။
ပစ်ထားရင်းနဲ့က မဟုတ် သေးပါဘူးကွာ ဒီအတိုင်း နေ ဒီအတိုင်း ပြန်ဆော့မယ်ပေါ့။ အမှန်တော့ Rabona နဲ့ ပတ်သက်ပြီး ပိုစ့်ရေးပြီး Rabona Official မှာ တင်မလို့။ 1$ - 2$ ကြားလောက် vote ရတတ်တယ်။ မဆိုးဘူး။ အဲ့တာနဲ့ပဲ ပြန်ဆော့ ဖြစ်သွားတာ။
ခု ပြန်ဆော့ ဖြစ်မှ မမြင်ခဲ့မိတာ တွေ့တာ။ ဂိမ်းကို နဂို version 1.0 ကနေ version 2.0 အဆင့်မြှင့် လိုက်ပြီးကတည်းက reward တွေကို auto မပို့ပေးတော့ဘူး။ ကိုယ့်ကို manual claim ရမယ်တဲ့။ အရှေ့ seasonal rewards တွေ မ claim ဖြစ်ခဲ့မိတာ ခုမှ ပြန်တွေးပြီး နှမြောရပြန်ပေါ့။
မနေ့ ရှေ့တနေ့ကတော့ rewards လေး claim လိုက်ပါတယ်။ version 2 မှာမှ claim ဖို့ဟာက ပါမှာနော့်။ menu က wallet မှာ seasonal reward ဆိုပြီး season ပြီးရင် ပေါ်နေလိမ့်မယ်။ claim ဖို့က time limit ရှိတယ်။ သတ်မှတ်ချိန် အတွင်း မ claim ရင်တော့ reward ကရမှာ မဟုတ်ဘူး။ နောက်ဆော့မယ့် မိတ်ဆွေတွေ ကျနော့်လို မဖြစ်ရအောင် သတိပေးလိုက်ရပါတယ်။
မကလိန်းဖြစ်ရင်လည်း ဒီအတိုင်းထားပေးရမှာပေါ့ ဒါ မပေးချင်လို့ လူလယ်ကျတာ မခံနဲ့ 😁 ကိုယ်ကလည်း သတိထား ဝီရိယစိုက် ပညာနဲ့ကြည့်🌝
Air drop ပုံစံ မဟုတ်တော့ပဲ cliam drop လုပ်လိုက်တာပေါ့။ !PGM
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444
Rewards တွေ လွတ်ကုန်တာပေါ့...!PIZZA !MEME
Credit: miko820
Earn Crypto for your Memes @ hiveme.me!
PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(5/10) tipped @donjaun (x1)
You can now send $PIZZA tips in Discord via tip.cc!