လိုင်ဇာရေ အားတင်းပါ

avatar

ဒီနေ့ အိပ်ရာထ မျက်နှာသစ်၊ ကိုယ်လက် သန့်စင်ပြီး (မနက်+ နေ့လည်) စာ စား၏။ ထမင်းစားရင်း Facebook လေး တချက် ကြည့်မိ၏။ စိတ်မကောင်းစရာ သတင်းလေးတခု သွားတွေ့မိတော့၏။ KIA ဌာနချုပ် လိုင်ဇာ အနီးနားက မုန်လိုင်ခက် စစ်ဘေးရှောင် စခန်းကို စကစက ဗုံးကြဲ တိုက်ခိုက်ခဲ့၏။ စစ်ဘေးရှောင် ပြည်သူ (၃၀) နီးပါး သေဆုံးသည်ဟု ကနဦး သိရ၏။ ကလေးသူငယ်များပါ ပါဝင်၏။ စစ်စခန်း မဟုတ်သည့် စစ်ဘေးရှောင် စခန်းကို အဘယ်သို့သော အကြောင်း၊ ရည်ရွယ်ချက်နဲ့ ထိုသို့ လုပ်လေ သနည်း။ စကစက၏ ယုတ်မာမှုကတော့ ကမ်းကုန်သည်ထက် ကမ်းကုန်လို့ လာနေခဲ့ပြီ ဖြစ်၏။

New Source fromThe 74 Media

လိုင်ဇာ သတင်း

စကစက ခုမှရယ် မဟုတ် ရှေ့ရှေ့ အကြိမ်၊ အခေါက်တွေ တုန်းကလည်း စစ်ဘက်ဆိုင်ရာ နေရာ မဟုတ်သည့် အရပ်သား ပြည်သူများ၏ အိုးအိမ်၊ နေထိုင်ရာ နေရာများကို ရည်ရွယ်ချက် ရှိရှိနဲ့ကို မကြာခဏ တိုက်ခိုက်လေ့ ရှိ၏။ အဘယ် ရည်ရွယ်ချက်နဲ့ဆိုတာကတော့ အနှီ လူ့မိစ္ဆာတွေသာ သိကြပေလိမ့်မည်။ ဒီလူတွေက လူဟုပင် မခေါ်ထိုက်တော့ပေ။

သူတို့က ပိုရက်စက်ပြလေလေ ပြည်သူတွေဖက်ကလည်း ပိုအားစိုက်၊ ပိုအားတင်း တွန်းလှန် လေလေပင် ဖြစ်၏။ ဒီ စနစ်ဆိုးကြီး အမြစ်ပြတ် (ပျက်) မှကို ရမယ်ဆိုတာ ပိုပိုသိ၊ ပိုပိုပြီး နားလည် လာကြလေလေ ဖြစ်၏။ ကျနော် အပါအဝင်၊ ကျနော့် အသိ မိတ်ဆွေ သူငယ်ချင်းတွေထဲ သွေးအေးသွားသူ တယောက်မှ မရှိကြပေ။ နိုင်ရာဝန် ထမ်းလို့ ကူရင်း အောင်လံလွှင့်နိုင်မယ့်နေ့ကို မျှော်မှန်းနေကြသူတွေချည်း ဖြစ်၏။ ရှိသည့် ခွန်အား၊ လုပ်ပေးနိုင်သည့်ဖက် ကနေ သိုင်းဝိုင်းပေးကြ၏။ ပြီး အချင်းချင်းလည်း အားပေးနှစ်သိမ့်ရသေး၏။ ဒီကာလကြီးမှာ လူတိုင်း ပင်ပန်း ခက်ခဲကြရသည် မဟုတ်လား။ ကိုယ်၊ စိတ် နှလုံး ပင်ပန်း နွမ်းနယ်နေသူတွေက ခပ်များများ မလား။

စိတ်အကြည်ဓါတ် ပျောက်နေခဲ့တာ ကြာခဲ့ပြီ။ မပျော်နေတာကို ပျော်အောင် ဟန်မလုပ် နိုင်ကြတော့ပေ။ ကိုယ်စီ စိတ်ထွက်ပေါက်လေးတွေ အဆင်ပြေသလို ရှာဖွေ ဖြတ်သန်းဖို့ လို၏။ ကျနော့် အဖို့ကတော့ Futsal လေး မကြာခဏ ကန်ခွင့်ရနေတာကပင် ခဏတာတော့ စိတ်သက်သာရာရ၊ စိတ်အပန်း ပြေပါ၏။

အ‌ခြေအနေ၊ အချိန်အခါတွေက ဒီလိုပါ ဆိုနေမှ ကိုယ့်မြို့မှာ တန်ဆောင်တိုင်ပွဲ လုပ်ဦးမည် ဆို၏။ ပွဲကျင်းပရေး ကော်မတီက အဘယ်သို့သော စိတ်နဲ့များခုလို ဆုံးဖြတ်လေသနည်း။ ဖိအားကြောင့်လေပဲလား၊ တမင် လုပ်ချင်လို့ကိုပဲ လုပ်လေ သလားကတော့ သက်ဆိုင်သော ကာယကံရှင်တွေသာ သိကြပေလိမ့်မည်။ သူတို့က ထလုပ်တာက အရေးမကြီး၊ အပြောခံရရင်က မြို့နဲ့ချီပြီးတော့ကို အပြောခံရ၏။ ဘောမမြို့ ဘောမမြို့ဆိုပြီးတော့ပေါ့။ လူတစု၏ လုပ်ရက်ကြောင့် မြို့၏ ကျက်သရေ ဂုဏ်သိက္ခာ ညှိုးနွမ်းရလေ၏။

ကျနော့်အသိ မီးပုံးပျံလုပ်သည့် မီးဆရာ သူငယ်ချင်းတွေကတော့ ပြိုင်ပွဲ မဝင်ကြပေ။ ကျနော်တို့လည်း ပွဲလည်ကြမည် မဟုတ်ပေ။ ငဗစ်ကြောင့် ပြီး အခြား အ‌ခြေအနေ အကြောင်းအရာတွေကြောင့် တန်ဆောင်တိုင် ပွဲတော် မဖြစ်ခဲ့တာ နှစ်တွေ ကြာခဲ့ပြီ။ ပွဲတော်ကို မချစ်တဲ့ မြို့သူ၊ မြို့သား မရှိပေ။ ပွဲတော်က မြို့၏ နှလုံးသည်းပွတ် ဖြစ်၏။ သို့သော် မည်မျှ ပွဲငတ်ငတ် ယခု ကျင်းပမည့် တန်ဆောင်တိုင် ပွဲတော်ကိုတော့ ယောင်လို့ပင် ‌ခြေဦးလှည့်မည် မဟုတ်ပေ။

လိုင်ဇာ ရေ အားတင်းထားပါ။ ကျနော်တို့အားလုံး အတူတူ ရှိနေပါတယ်။



0
0
0.000
11 comments
avatar

အတူတူ ဖေးမရင်း အားတင်းရှေ့ဆက်ကာ စစ်အာဏာရှင် ပြုတ်ကျအောင် တော်လှန်နိုင်မှသာ
!pizza
!hug

0
0
0.000
avatar

!PGM !MEME

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO - 0.005 SCRAP tokens

remaining commands 7

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000