ကြေကွဲ

avatar

ကံဆိုးတယ် ဆိုတာ ဘာလဲ။ ကံမကောင်းတာကို ဖော်ညွှန်းခြင်း ဖြစ်မည်။ မကောင်းတာတေွ တောက်လျောက် ကြုံရရင် ကံမကောင်းဘူး ပြောရမည် ထင်၏။ ထိုသို့ ဆိုရင် ကျနော် ကံဆိုးနေသည်ဟု ပြောလို့ ရမည် ထင်၏။

ပြီးခဲ့သော လက ကားနဲ့ ဆိုင်ကယ် တိုက်မိ၏။ လူတော့ မခိုက်မိပေ။ ဆိုင်ကယ် ဒူးကာတော့ လဲလိုက်ရ၏။ မနေ့ ရှေ့တနေ့ ညက Futsal ကန်ပြီး အပြန် လမ်းမှာ ခွေးကို ရှောင်ရင်း ဆိုင်ကယ် လဲ၏။ ဒီတကြိမ်မှာတော့ ဆိုင်ကယ် မထိ၊ လူသာ ခိုက်မိ၏။ လက်န‌ှစ်ဖက် လက်ဖမိုးတွေ ပွန်းကုန်၏။ ညာဖက် ဒူးလည်း ပွန်းသွား၏။ ကျနော့် ရှေ့မှာ ကောင်လေး ၂ ယောက် ဆိုင်ကယ် တစီးစီနဲ့ ယှဉ်မောင်းနေ၏။ သူတို့ကို လန့်ပြီး လမ်းလယ်မှာ အိပ်နေသည့် ခွေးက ထပြေး၏။ အဲ့မှာ သူတို့ကို ကျော်ဖို့ ကြိုးစားသည့် ကျနော်နဲ့ သွားတွေ့ခြင်း ဖြစ်၏။ ဘယ်လိုမှကို ရှောင်မရတော့ပေ။

အိမ်ရောက် အနာတွေကို ဆေးထည့်ပေါ့။ ထိုညက ကောင်းကောင်း အိပ်လို့မပျော်ပေ။ နာလည်းနာ၊ ကိုက်လည်းကိုက်၊ စပ်လည်းစပ်နဲ့ အတော် ဆိုးလှ၏။ နောက်တရက်မှာလည်း ထို့အတူပင်။ နာတုန်း၊ ကိုက်တုန်း၊ စပ်တုန်းပင်။

ဆိုင်ကယ်က ကြီးကြီးမားမား မဖြစ်ပေမယ့် ခြေနင်းတံတော့ ‌စောင်းသွား၏။ သွားပြန် ပြင်ရင်း သူငယ်ချင်းတွေနဲ့ အစားစား၏။ အိမ်ပြန်ဖို့ အလုပ်မှာ အိပ်ကပ်ထဲက pH ထွက်ကြ၏။ တသက်နဲ့ တကိုယ် ထိုသို့ မဖြစ်ဖူးပေ။ မဖြစ်စဖူး ဖြစ်ပြီး မကွဲစဖူး မှန်ကွဲလေတော့၏။ အပေါ် မှန်ကပ်တင် ကွဲခြင်း မဟုတ်၊ Display ပါ ထိသွားခြင်း ဖြစ်၏။ ကောင်းရော။

မနေ့ရှေ့တနေ့ ဆိုင်ကယ်လဲ တုန်းကတောင် မကွဲသည့် မထိသည့် pH က မနေ့က မဆီမဆိုင် ကျကွဲလေတော့၏။ ပြင်မယ်ဆိုရင် တသိန်းလောက်တော့ကုန်လိမ့်မည် ဆို၏။ Original လောက်တော့ မကောင်းနိုင်တော့ဟု ဆို၏။ Finger print လည်း ရချင်မှ ရမည် ဆို၏။ ဘာလုပ်ရမယ် မှန်းကို မသိပေ။ သူငယ်ချင်းကတော့ အသစ် သို့မဟုတ် second ကောင်းကောင်းလေးသာ ဝယ်ပေါ့ဟု အကြံပေး‌၏။ လောလောဆယ်တော့ သူ့နားက pH အပို တလုံး ခဏ ယူလာခဲ့၏။ လက်ရှိတော့ သူ့ pH လေးနဲ့ပဲ စခန်းသွားရပေလိမ့်ဦးမည်။ ဘာလုပ်ရမည်ကိုတော့ ခပ်မြန်မြန် ဆုံးဖြတ်ရပေလိမ့်မည်။



0
0
0.000
7 comments
avatar
(Edited)

ပြဿနာတွေက ဖြစ်လာရင်လည်း မီးခိုးကြွက်လျှောက်ပဲဗျာ...

0
0
0.000
avatar

ဟုတ်ပါ့ဗျာ။

0
0
0.000