ကျပြီးရင်လည်း တက်လေ
Hive ဈေး တဖြည်းဖြည်း ကျလာလိုက်တာ ခုဆို 0.2$ ပတ်ခြာလည်လောက်သာ ရှိတော့၏။ ယခင်က 0.4$ နှင့် 0.5$ ကြား အချိန်ကြာကြီး ရှိခဲ့သမို့ ခုလိုကြီး ဈေးကျသွားလိမ့်မယ်လို့ မထင်ခဲ့ပေ။ Euro 2024 မှာ ကိုယ် အားပေးသည့် အသင်းတွေ ပြုတ်ကုန်လို့ စိတ်မကောင်း ဖြစ်နေရသည့်အထဲ Hive ကပါ ပို၍ စိတ်မကောင်းအောင် လုပ်နေခဲ့၏။ Tokens တို့၏ ဘိုးအေကြီး BTC ဈေးကျလို့ဟု ပြောသူတွေ ရှိပေမယ့် BTC ဈေးတက်တုန်းက ကိုယ်ရွှေ Hive က အဘယ်ကြောင့် လိုက်၍ ဈေးမတက်လေ သနည်း။ မရယ်ရတဲ့ ဟာသ တခုသာ။
Hive ဈေးကျချိန် လက်ထဲ ငွေပို ငွေလျှံလေးသာ ရှိခဲ့မယ်ဆိုရင် ဝယ်ထား ဖြစ်မည်ထင်။ Power ပဲ up up, ဈေးပြန်တက်ချိန်ကြ ထုတ်ပဲ ရောင်းရောင်း ကြိုက်တာ လုပ်လို့ရ၏။ ခုက လက်ထဲမှာ အပိုအလျှံ မပြောနဲ့ လိုနေ လျော့နေတာသာ ရှိ၏။ Crypto Market ကြီး ရဲရဲနီနေသလို ကိုယ်တွေရဲ့ အနေအထားကလည်း ယဲ့ယဲ့နဲ့ရယ် မဟုတ်လား။ ဘယ်အချိန် ဘာထဖြစ်မယ် မသိနဲ့ အနာဂတ်တွေ ယခင်ထက်ကို ပိုလို့ ဝေဝါးလာခဲ့၏။
ဈေးကျတော့ စာရေးဖို့ကလည်း စိတ်သိပ်မပါ။ မနည်းကောင်း တွန်းပြီး ရေးနေရ၏။ ဘောလုံးပွဲလေးတွေ ရှိနေလို့သာ ရေးစရာ အကြောင်းအရာလေး ရှိနေခဲ့၏။ ဒီရက်ပိုင်းတော့ ဟိုရှာ ဒီဖွေနှင့် ရေးစရာ ရေးကွက် ရှာရပေလိမ့်ဦးမည်။ Euro ကော Copa ကောက ၁၀ ရက်နေ့မှ ပြန်ကစားကြမှာ ဆိုတော့ ဒီနေ့နဲ့ မနက်ဖြန် အတွက် ရေးစရာ စဉ်းစားထားရ ပေလိမ့်ဦးမည်။
အမှန်တော့ ဒီနေ့က App လေး တခု အကြောင်းကို ရေးမယ်လို့ တွေးထားခြင်း ဖြစ်၏။ သို့ပေမယ့် Coin Market cap မှာ Hive ဈေးကို သွားကြည့်မိပြီးနောက် အဆိုပါ App အကြောင်းဖက် မရောက်တော့ပေ။ Battery app လေး တခုပါ။ Iphone တွေမှာ Battery Health ဘယ်လောက် ကျန်တယ်ဆိုတာကို Setting မှာ ကြည့်လို့ရပေမယ့် Android တွေမှာတော့ မရှိပေ။ ခု App လေးက Android phone ၏ Battery Health အနေအထားကို ပြပေး၏။ မိမိ phone ၏ Battery ဘယ်အခြေအနေမှာ ရှိနေသည်ကို စစ်ကြည့်လို့ရ၏။
မိမိရဲ့ သက်တမ်းကြာနေသော phone လေး၏ battery အနေအထားကို စစ်ဆေးနိုင်သဖြင့် Battery လဲသင့် မလဲသင့်ကို service သွား မအပ်ခင် ကိုယ့်ကိုလည်း ချိန်ဆလို့ ရသည်ပေါ့လေ။ နောင် အလျဉ်းသင့်ရင်တော့ အကျယ် ရေးပါဦးမည်။ ခုကတော့ အမြည်းပေါ့လေ။ App နာမည်က Battery Guru ဖြစ်၏။ ဘက်ထရီဆရာကြီး၊ ဘက်ထရီဂုရုကြီး ပေါ့လေ။ အချက်အလက် အမှန်ပြပေး၏။ တခြား App တွေလို ပေါက်တက်ကရ တလွဲတွေ မပြပေ။ အမြည်းဆိုမှ နည်းနည်းတောင် ရှည်သွားပြီ။ တော်သေးပြီ။
Hive ဈေးကျနေတော့ ထောက်ပို့ဖို့ ငွေလိုနေပြီဗျာ။
!hug
!luv
I sent 1.0 HUG on behalf of @golden.future.
(1/3)
အဲ့တာလည်း ဟုတ်ပါ့။