ကျေးဇူးပါ

(Edited)

တရက်သားက Hive Myanmar ၏ messenger group ကနေ video လေး တခု share ထားတာ တွေ့ရ၏။ Coinbase ကနေ မြန်မာငွေ သုံးသောင်း ယူပါ ဆိုတာလေးပေါ့။ Coinbase account အဟောင်း ဆိုလိုသည့် သဘောက account ဖွင့်ထားတာကြာရင် ရတယ် ဆိုသည့် သဘော ဖြစ်မည်။ video ကို ဖွင့်ကြည့်၏။ ပထမတကြိမ် ကြည့်ပြီးတဲ့အထိ နားမလည်သေးပေ။ သို့နှင့် description နဲ့ comments တွေ အထိ လိုက်ကြည့်ရတော့၏။

Video က အတော်လေး မြန်၏။ Video ပိုင်ရှင် ပြောထားသည့် အတိုင်း playback speed ကို -0.75 ထားလိုက်မှ အဆင်ပြေ သွား၏။ ဒုတိယ တကြိမ် ကြည့်ပြီးမှ နည်းနည်း နားလည်သွားခဲ့၏။ ဒါတောင် တတိတကြိမ် အဖြစ် video ကို ထပ်ကြည့်ပြီး ကြည့်ရင်းလုပ်၊ လုပ်ရင်း ပြန်ကြည့်နှင့် လုပ်နေရ၏။ မလုပ်တတ်ခင်ကသာ ခက်တယ် ထင်ရသော်လည်း တကယ်လုပ်ကြည့် လုပ်တတ်သွားတော့ လွယ်သားဟုပင် တွေးမိ၏။ ဒါတောင် ကျနော့်မှာ တော်တော် နဲ့ အဆင် မပြေပေ။

လိုအပ်သည့် eth fee ကို network မှား လွှဲမိသောကြောင့် ဖြစ်၏။ ထို့ကြောင့် Group ထဲက အကို တယောက်ကို အကူအညီတောင်းပြီး လုပ်ရ၏။ ကိုယ့် binance account က verify မဖြစ်သေးတော့ အဲ့လိုပဲ ဟိုလူ့ ကူပါ ဒီလူ့ ကူပါပေါ့။ ကူညီ ပေးကြလို့လည်း ကျေးဇူး တင်ရပါ၏။ optimism network နဲ့ လွှဲ၊ လုပ်ရမှာကို ကျနော်က bnb smart chain network တွေနဲ့ သွား လုပ်နေခဲ့မိသည်ကိုး။ Metamask ကနေ လွှဲတာ ဆိုတော့လည်း လွဲမပေါ့။

အမှန်တော့ စပြီး လုပ်ကတည်းက လွဲတာ။ staking လုပ်ထားသည့် loa အချို့ကို pancake swap ကနေ eth ပြောင်းပြီး metamask ထဲ ပြန်ထုတ်၏။ ပြီး Coinbase wallet ကို လွှဲပေါ့။ process တခုလုံးက bnb smart chain network ပေါ်မှာပဲ လုပ်မိတော့ သွားရော။ ရှေ့တိုးမရ နောက်ဆုတ်မရနဲ့။ ကူညီပေးမယ့်သူ ရှိလို့သာ ရယ်။ အင်း ဒီအတိုင်းဆို binance account လေး verify ဖြစ်အောင် လုပ်ထားဦးမှပါလေ။

eth fee အဆင်ပြေသွားတော့လည်း လုပ်လို့ရသွားခဲ့၏။ ကိုယ် Coinbase wallet ထဲ ပို့လိုက်သည့် eth 2$ ကို နှုတ်ကြည့် လိုက်မယ်ဆိုရင် 8$ မြတ်တယ်ဟုတော့ ပြောလို့ ရ၏။ Coinbase က ပေးတာက 10$ တန်ကြေးရှိသည့် OP tokens တွေကို ပြန်ပေးခြင်း ဖြစ်၏။ ထို tokens တွေကို binance ကိုပို့ပြီး ရောင်းချင်ရောင်း၊ အခြား tokens ပြောင်းချင်ပြောင်းပေါ့။ ကျနော်ကတော့ ရောင်းလိုက်၏။ binance account ရှိသည့် သူငယ်ချင်း တယောက်ကို အကူအညီတောင်းပြီး တော့ပေါ့။

ဒီရက်ထဲမှာ ကျနော်တို့ Futsal အသင်းက jersey အသစ် ချုပ်ဖြစ်၏။ Jersey ဖိုး ပေးချေရန် ကျနော် OP တွေကို ရောင်းလိုက်၏။ အမှတ်တရ တခု အဖြစ်ပေါ့လေ။ Coinbase က ယခင်တုန်းကတော့ ခုလို wallet နောက်တခု မရှိသေးပေ။ ဒါပေမယ့် ခုလိုမျိုး reward event လေးတွေကို ယခု app အသစ် မစတင်ခင်မှာ ကတည်းက ပေးနေပြီ ဖြစ်၏။ ထို အကြောင်းကို ကိုဟင် ပြောဖူး၏။ ထိုစဉ်က ကျနော်တို့က လုပ်လို့ မရသေးပေ။ ခုတော့ ရဖူးခဲ့လေပြီ။ နောက်များ event လေးတွေ ကြုံရင် ဝင်လုပ်ပြီး reward ရယူချင်ပါသေး၏။



23
0
0.392 NEOXAG

14 comments
(Edited)

လုပ်နည်းလေးသေချာရေးပြလေ Coinbase က ဘာမှလုပ်မရဖြစ်နေတယ် !LUV !LOLZ

0
0
0.000 NEOXAG
(Edited)

I was fired from the keyboard factory yesterday.
I wasn't putting in enough shifts.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of @ansoe

(1/6)
Use the !LOL or !LOLZ command to share a joke and an $LOLZ

0
0
0.000 NEOXAG
(Edited)

လုပ်နည်းရေးပေးပါအုံးလေ။
!LOL

0
0
0.000 NEOXAG
(Edited)

!LUV !LOLZ

Thanks

0
0
0.000 NEOXAG
(Edited)

ကျွန်တော်က မအားတာနဲ့ မလုပ်ဖြစ်တာ...video လည်း ကြည့်ထားပြီးပြီ...8$ လောက်မြတ်တာပဲ Good ပါတယ်...!PGM !LOLZ

0
0
0.000 NEOXAG
(Edited)

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS tokens to @uthantzin

remaining commands 3

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000 NEOXAG