ချိုးဖျက်လို့ မရသည့် စံချိန်ရယ် မရှိ

စံချိန်တွေကို တင်ကြသူတွေ ရှိသလို အဆိုပါ စံချိန်တွေကို ထပ်ဆင့်ကျော်လွန်ပြီး တင်ကြသူတွေလည်း ရှိ၏။ ထို့ပြင် အဆိုပါ စံချိန်ရှင်တွေ၏ စံချိန်တွေကို ရပ်တန့်သွားအောင် လုပ်နိုင်ခဲ့သူတွေလည်း ရှိ၏။ တောင်တတောင်ထက် မြင့်တဲ့တောင်က တချိန်မှာတော့ ပေါ်လာမှာပဲ မဟုတ်လား။

ဒီနေ့ မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာကစားခဲ့သည့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ Atalanta တို့ Leverkusen ကို အနိုင်ရ ‌ဗိုလ်စွဲ သွားခဲ့၏။ Leverkusen ၏ ရှုံးပွဲ မရှိ စံချိန်လည်း ရပ်တန့် သွားခဲ့ရတော့၏။ Leverkusen အတွက် စိတ်မကောင်း ပေမယ့် Atlanta အတွက်တော့ ဝမ်းသာ ဂုဏ်ယူရပါ၏။ အသင်းရဲ့ သမိုင်းတလျောက် ပထမဆုံး ရယူနိုင်တဲ့ ယူရိုပါ ဖလားလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် 62 နှစ်ထိ ဆုတံဆိပ်၊ ဆုဖလား မရယူထားနိုင်မှုကိုလည်း ရပ်တန့် နိုင်ခဲ့ပါပြီ။

ရှုံးပွဲ မရှိ စံချိန်ရှင် Leverkusen ကို အနိုင်ရယူပြီး ဖလားရခဲ့တာမို့ သူတို့ အတွက် ပိုပြီး ဂုဏ်ယူစရာပါ။ စံချိန်ရှင်တွေကို ရိုက်ချိုးပြီး စံချိန်သစ် တင်သူလည်း ပေါ်လာခဲ့ပါတယ်။ Atalanta ကစားသမား Lookman တ‌ယောက် ခုပွဲမှာ Hat trick သွင်းယူသွားခဲ့ပါတယ်။ ဒါဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ သမိုင်းတလျောက် ပထမဆုံး Hat trick လို့ ပြောလို့ရပါတယ်။ Leverkusen ရဲ့ စံချိန်ကို ချိုးဖျက်ပြီး သူတို့က အခြား စံချိန် တခုကို တင်သွားခဲ့ပါတယ်။ Well done Atlanta.

သုံးသပ်သူတွေ အားလုံးနီးပါးကတော့ Leverkusen ဘက်မှာသာ ရှိခဲ့၏။ ကျနော် ကိုယ်တိုင်လည်း အပါအဝင်ပေါ့။ Atalanta ကို မကြိုက် အထင်သေးလို့ရယ် မဟုတ်ပေ။ ဒီအတိုင်းလေး Leverkusen ကို စံချိန်တွေနဲ့ ဖလားတွေ သိမ်းစေချင်ခဲ့ခြင်း ဖြစ်၏။ ခုတော့ သူတို့၏ ဖလား 3 လုံး အိပ်မက်မှာ တလုံးလျော့သွားခဲ့ပြီ။ ဂျာမန် DFB Pokal ဖလားတော့ ကျန်နေသေး၏။ ဖလား 3 လုံး မရလည်း 2 လုံးတော့ ရနိုင်နေသေးသည် မဟုတ်လား။

ရှုံးပွဲ မရှိ စံချိန် ကျိုးပျက်သွားခဲ့ပေမယ့် ဂျာမန် ဘွန်ဒက်လီဂါ ချန်ပီယံဘွဲ့ကိုတော့ သူတို့ ရှုံးပွဲ မရှိဘဲ ရယူသွားနိုင်ခဲ့သည် မဟုတ်လား။ ဘာပဲ ဖြစ်ဖြစ် Leverkusen က ပရိတ်သတ်တွေ၏ နှလုံးသားကို ဖမ်းစားသွားနိုင်ခဲ့ပြီ မဟုတ်ပါလား။ DFB Pokal ဖလားမှာတော့ သူတို့ အစွမ်းပြနိုင်ဖို့ မျှော်လင့်ပါ၏။ ဖလား 3 လုံး မရလည်း 2 လုံးတော့ ရအောင်ယူပါလို့ပဲ ပြောလိုပါ၏။

(Photos from Europa League Facebook page)



0
0
0.000
2 comments