ခရစ်တိုပင်တွေ ထပ်ပျိုးထားတယ်
ဒီရက်ပိုင်း ကျနော်နဲ့ phone, phone နဲ့ ကျနော် မနက်အိပ်ရာထ မျက်စိ နှစ်လုံး ပွင့်တာကနေ စလို့ ည အိပ်ချိန် မျက်စိနှစ်လုံး ပိတ်ချိန်ထိ တပူးတွဲတွဲ ထိတွေ့နေတော့၏။ ယခင်ကလည်း ခုလိုပါပဲ။ နို့ပေမယ့် ခုကတော့ ပိုများ၏။ Telegram ၏ ကိုယ်ပိုင် tokens ထုတ်လာမှုနှင့်အတူ Airdrop bot တွေ တကျော့ပြန် ခေတ်စားလာသဖြင့် ကျနော်လည်း အဆိုပါ Airdrop bot တွေနဲ့ ပြန်ပြီး ရင်းနှီးရပြန်တော့၏။
တကယ် ရမရတော့ မသိသေးပေ။ လောလောဆိုတော့ ကျနော့် Telegram account ထဲမှာ bots တွေ သောင်းခြောက်ထောင်နဲ့ ပြည့်လို့ နေ၏။ ယခင် Facebook မှာ အချိန်ကုန်ခဲ့ပေမယ့် ယခုတော့ Telegram မှာ အချိန်ကုန်ပေါ့။ Facebook မှာ အချိန် မဖြုန်းဖြစ်ခဲ့တာက ကြာခဲ့ပါပြီလေ။ စကစ Facebook တွေ မဘန်းခင်ကတည်းကကို ကျနော်က Facebook သိပ် မသုံးဖြစ်တော့ပေ။ Hive နဲ့ YouTube မှာသာ အချိန်ကုန်လေ့ ရှိ၏။ ခုတော့ နောက်တခု ထပ်တိုး Telegram ပေါ့။
Hive ကလည်း အချိန်မှ သိပ်မပေးရ။ ပိုစ့်တင်၊ vote ပေး၊ comment မန့်၊ reply ပြန်၊ rewards claim ဒါတွေက အချိန်မှ သိပ်မပေးရပဲကိုး။ ဆိုတော့ကာ YouTube ကြည့်၊ ဇာတ်ကား ကြည့်ချိန်ထဲကနေ Telegram အတွက် အချိန် ဖဲ့ပြီး ပေးပေါ့။ ပေးရတာ တန် မတန်ကတော့ မကြာခင် သိရတော့မည် ဖြစ်၏။ Bots အားလုံး Airdrop အားလုံးတော့ လိုက် မ join ဖြစ်ပေ။ ကိုယ်နဲ့ အဆင်ပြေမယ့်ဟာ ပြီး Project လည်း အထိုက်အလျောက် ခိုင်မာသည့် ဟာမျိုးတွေ လိုက် လုပ်၊ လိုက် join ထား ဖြစ်၏။
အသီးအပွင့် မမြင်ရသေးပေမယ့် ဇက်ကြောတွေတော့ တက်နေခဲ့ပြီ။ အသိပညာတွေလည်း ရနေခဲ့ပြီ ဖြစ်၏။ ဒီအတိုင်းသာ ဆက်သွားရင် လူလည်း မျက်မှန် ပါဝါတိုးဖို့သာ ရှိတော့၏။
မနေ့ကတော့ Dogs tokens က အတော်လေး hot ဖြစ်သည့် သတင်းလို့ ဆိုရမည်။ Airdrop ပေးတာ ရပ်ပြီး presale, premarket အဖြစ် trade လို့ ရနေပြီ ဖြစ်၏။ အဖွင့်ဈေးလေးကတော့ မဆိုးပေ။ 1 Dog ကို 0.009$ ပတ်ခြာလည်တော့ ရှိနေ၏။ 0.01$ နဲ့သာ Market အတည် စခဲ့မယ်ဆိုရင်ကို အဆင်ပြေနေပြီ။ အစပိုင်း high နေပြီး နောက်ပိုင်း ပြန်မကျသွားဖို့တော့ လို၏။
မိမိ၏ Telegram account သက်တမ်းအလိုက် Airdrop ပေးသည့် အပြင် Task တွေ လုပ်ပြီးတော့လည်း Dogs tokens ကို စုလို့ရ၏။ တတောက်တောက်နဲ့ tap မနှိပ်နေရတာပဲ ဟုတ်နေပါပြီလေ။ ထိုသို့ပြောလို့ tap bot တွေ မလုပ်ဘူးလား မထင်ပါနဲ့။ Tap bot တွေလည်း လုပ်ထားပါသေး၏။
Hive ဥယျာဉ်ကြီး အပြင် Telegram ဥယျာဉ်ကြီးမှာလည်း အပင်တွေ စိုက်ကြည့်ပါဦးမည်။ Hive လို အသီးစား ရ၊ မရကတော့ စောင့်ကြည့်ရပါလိမ့်ဦးမည်။
(photo & screenshot from Dogs Channel)
Telegram bot တွေနဲ့ အလုပ်များ
!PGM
!HUG
I sent 1.0 HUG on behalf of @myothuzar.
(2/3)
ခေါင်းတွေပါမူး၊ ဇက်ကြောတွေတက်။
😂
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) but the mana is too low. Try again later.
As a consolation, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
Airdrop တွေက များလွန်းတော့ ဘာလုပ်ရမလဲ မသိလို့ မလုပ်ဖြစ်တော့ဘူး။ 😅😅😅
Ref လိုရင်တော့ ဒီမန့်အောက်မှာ Linls ပေးပါ။ Join ပေးမယ်။
!PIZZA
!LUV
$PIZZA slices delivered:
@myanmarkoko(4/5) tipped @donjaun
Dog token က ဘာဆက်လုပ်ရသေးလဲ
ကျွန်တော်က ဒီအတိုင်းလုပ်ပြီး ပစ်ထားတာ။
!LOLZ
!MEME
Credit: bitandi
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
Long time no sea.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(3/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!