Here, your's Round of 16

မြန်မာစံတော်ချိန် မနေ့ည 10 နာရီခွဲနှင့် မနက် 1 နာရီခွဲမှာ Group E & F တို့၏ အုပ်စု နောက်ဆုံး ပွဲစဉ်များ ကစား၏။ Group C လိုပဲ ဟာသ အုပ်စု ပြပါဆိုရင် Group E ဖြစ်၏။ မသက်ဆိုင်သူတွေအတွက်သာ ဟာသပါလေ။ သက်ဆိုင်သူတွေ အတွက်ကကြ နာကျင်စရာ ကောင်း၏။ ဥပမာ Ukraine ပေါ့။ 4 မှတ်ရပေမယ့် အုပ်စုအဆင့် 4 သာရလို့ နောက်တဆင့် တက်ခွင့် ဆုံးရှုံးခဲ့ရ၏။ Ukraine တသင်းထဲ မဟုတ် Group E အသင်းအကုန် 4 မှတ်စီ ရကြ၏။ ဂိုးကွာခြားချက် ကြောင့်သာ 1,2,3,4 တွေ ကွာခြား သွားရခြင်း ဖြစ်၏။

သွင်းဂိုး၊ ပေးဂိုးတွေက ဒီအချိန်မှာ အတော်လေး အရေးပါလေ၏။ Group E မှာ Belgium ကို အုပ်စုပထမ ရလိမ့်မည်ဟု အားလုံးက မျှော်လင့်ထားကြ၏။ တကယ်တမ်းကြ Belgium ၏ ခြေစွမ်းကလည်း England လိုပင်။ နာမည်သာ ကြီးနေတာ ဘာမှ လောက်လောက်လားလား လုပ်မပြနိုင်သေးပေ။ Group E မှာ Romania က အုပ်စု ပထမ၊ Belgium က အုပ်စု ဒုတိယနှင့် Slovakia က အကောင်းဆုံး တတိယ အသင်းအနေဖြင့် နောက်တဆင့် တက်သွားကြ၏။ Ukraine ကတော့ အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရ၏။

Group F မှာတော့ မထင်မှတ်တာ ဖြစ်သွားခဲ့၏။ Georgia က Portugal ကို 2-0 ဖြင့် နိုင်သွားခြင်း ဖြစ်၏။ အဆိုပါ နိုင်ပွဲကြောင့် Georgia တို့ ရမှတ် 4 မှတ်ဖြင့် အကောင်းဆုံး တတိယအသင်း အနေနဲ့ နောက်တဆင့် တက်လှမ်းသွားခဲ့၏။ Portugal တို့ ယခုပွဲ ရှုံးခဲ့ပေမယ့် အုပ်စု ပထမနှင့်ပဲ နောက်တဆင့် တက်ခဲ့၏။ Turkiye ကတော့ Czechia ကို 1-2 ဖြင့်အနိုင်ရပြီး အုပ်စု ဒုတိယဖြင့် နောက်တဆင့် တက်သွားခဲ့၏။

16 သင်းအဆင့် ပွဲစဉ်များကို စနေနေ့မှ စတင်ကစားမည် ဖြစ်၏။ စနေနေ့ မြန်မာစံတော်ချိန် ည 10 နာရီခွဲတွင် Switzerland vs Italy တို့ ကစားကြမည် ဖြစ်၏။ အသင်းကြီးတွေက တလွဲတွေလုပ်ပြီး အသင်းငယ်တွေက မထင်မှတ်ထားဘဲ ခြေစွမ်းတွေပြနှင့် Round of 16 ပွဲစဉ်တွေကလည်း ကြည့်ကောင်း ပေလိမ့်ဦးမည်။

Copa America ဖက်မှာတော့ Ecuador က Jamaica ကို 3-1 ဖြင့်လည်းကောင်း၊ Venezuela က Mexico ကို 1-0 ဖြင့်လည်းကောင်း အနိုင်ရသွားခဲ့၏။ နက်ဖြန် မနက် 4 နာရီခွဲနှင့် 7 နာရီခွဲတွေမှာတော့ Group C ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ Panama vs USA နှင့် Uruguay vs Bolivia တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။



0
0
0.000
4 comments
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000