Here your's Final Teams

Euro 2024 နှင့် Copa America တို့၏ ဆီမီးဖိုင်နယ် ပွဲစဉ်များ အားလုံး ကစားပြီး သွားခဲ့ပြီ ဖြစ်၏။ ဗိုလ်လုပွဲ တက်လှမ်းနိုင်သည့် အသင်းတွေလည်း ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်၏။ ဗိုလ်လုပွဲတွေကို July 15 ရက်နေ့မှာ ကစားသွားကြမည် ဖြစ်၏။ အဆိုပါ ပြိုင်ပွဲကြီး နှစ်ခုက ကွာတားဖိုင်နယ် အဆင့်မှာ ကတည်းက ရက်တွေတိုက်၊ ထပ်လာနေခဲ့တာ ခုလည်း ဗိုလ်လုပွဲရက်က တရက်ထဲပင်။ အချိန်လေးပဲ ကွာတယ်။ ထုံးစံအတိုင်း Euro ဗိုလ်လုပွဲက မနက် ၁ နာရီခွဲ၊ Copa ဗိုလ်လုပွဲက မနက် ၆ နာရီခွဲတွေမှာ ဖြစ်၏။

ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစားခဲ့သည့် Euro ဆီမီးဖိုင်နယ် ပွဲမှာတော့ England က Netherlands ကို 1-2 ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွားခဲ့၏။ England တို့ အနေနဲ့ နှစ်ကြိမ်ဆက်တိုက် ဗိုလ်လုပွဲသို့ တက်ရက်နိုင်ခဲ့ပြီ ဖြစ်၏။ ပြီးခဲ့သော Euro 2020 မှာတုန်းကလည်း သူတို့ ဗိုလ်လုပွဲ တက်ရောက်ခဲ့၏။ သို့ပေမယ့် Italy ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရှုံးပေးခဲ့ရပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရ၏။ ဒီနှစ်မှာလည်း ပုံစံကောင်းတွေ တောက်လျောက်ပြနေသည့် Spain နှင့် ဗိုလ်လုပွဲမှာ လာပြီး ဆုံနေခဲ့၏။

ခြေစွမ်းအားဖြင့် Spain က သာတာ မှန်ပေမယ့် ခြေစွမ်းထက် ကံကြမ္မာ ဖေးမမှု ကောင်းနေသည့် England ကိုလည်း မေ့ထားလို့မရပေ။ England ၏ ဗိုလ်လုပွဲ ခရီးစဉ်က Spain ထက်စာရင် အများကြီး သက်သာ အဆင်ပြေသည်ဟု ပြောလို့ရ၏။ ပုံစံကောင်းတွေ ပြသနေသည့် Spain ကပဲ ချန်ပီယံ ဖြစ်သွား မလား။ ဒါမှ မဟုတ် ကံတရားရဲ့ ‌ဆောင်မမှုနဲ့ပဲ England တို့ ချန်ပီယံ ဖြစ်သွားလေမလားကတော့ July 15 ရက်နေ့မှာ သိရတော့မည် ဖြစ်၏။

ကံကောင်းလို့ ချည်းပြောနေတော့ England ခြေစွမ်းက မကောင်းနေလို့လား မေးစရာ ရှိ၏။ ခြေစွမ်း မကောင်းလို့ရယ် မဟုတ်၊ လက်ရှိ သူတို့ လူစာရင်း အနေအထားနဲ့ဆို ခုထက် ပိုမိုသည့် ခြေစွမ်း ကစားကွက်မျိုးတွေ ပြသနိုင်ရမည် မဟုတ်လား။ အားမနာတမ်း ပြောရရင် အုပ်စု အဆင့်၊ ရှုံးထွက်အဆင့် လမ်းကြောင်းတွေ ချောင်လို့သာ ဗိုလ်လုပွဲ ရောက်သည်လို့တောင် ပြောချင်မိပါ၏။

Copa America ဖက်မှာတော့ Colombia က Uruguay ကို 0-1 ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရက်သွားခဲ့ပြီ ဖြစ်၏။ ဗိုလ်လုပွဲမှာတော့ Argentina နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ Euro နှင့် Copa ဗိုလ်လုပွဲချိန် ရက်တိုက်နေသည် ဆိုပေမယ့် တတိယလုပွဲတော့ မတိုက်နေပေ။ မတိုက်ဆို Euro က တတိယလုပွဲ မရှိခြင်းကြောင့် ဖြစ်၏။ ရှိခဲ့ရင် တိုက်ချင် တိုက်နေဦးမယ်။ Copa America တတိယလုပွဲကိုတော့ July 14 ရက်နေ့မှာ ကစားမည် ဖြစ်၏။ Canada vs Uruguay တို့ ကစားကြမည် ဖြစ်၏။

(photos from Euro & Copa America Facebook page)



0
0
0.000
2 comments