HBD saving

HBD saving လုပ်ထားတာ အတော်ကြာခဲ့ပြီ။ ဘယ်လောက် ကြာခဲ့ပြီ ကိုတော့ သေချာ မမှတ်မိတော့ပေ။ 100 HBD စပြီး saving ထဲ ထည့်ခဲ့တာကိုတော့ မှတ်မိ၏။ ကနဦးတုန်းက တပတ်တခါလား မသိ အတိုး ဘယ်လောက် ထည့်ပေးလိုက်ပြီနဲ့ notification တက်၏။ တလလောက် နေပြီးခါမှာတော့ noti မတက်လာတော့ပေ။ တပတ် မဟုတ်တော့ဘဲ တလ ပြောင်းသွားတယ် ထင်တယ်ပေါ့။ အဲ့လိုလည်း မဟုတ်ပြန် တလ နှစ်လ ကျော်သွားသည့်တိုင် ဘာ noti မှ မတက်လာတော့ပေ။

သို့နှင့် အခြား တခုခု လုပ်မယ်ဆိုပြီး အဆိုပါ saving ထဲက ဟာတွေ ထုတ်ပစ်လိုက်၏။ ၃ ရက်တော့ စောင့်ရ၏။ ၃ ရက်နေပြီတော့ 100 ကျော် 116 လားမသိ ရောက်လာ၏။ သို့ဆိုလျင် noti မတက်ပေမယ့် အတိုးကတော့ ရနေတာပဲကိုး။ တခုပဲ အရင်းပေါ် အတိုး သူ့သူ မပေါင်းပေးဘဲ မူလ saving ထဲထည့်ထားသည့် amount အတိုင်းသာ အတိုး ပေးခြင်း ဖြစ်၏။

တခုခု လုပ်မယ်ဆိုပြီး ထုတ်ထားခါမှ APR က 20% တက်သွား၏။ ယခင်က 10% APR သာ ဖြစ်၏။ သို့နှင့် saving ထဲ ပြန်ထည့်ရ ပြန်၏။ အတိုးနှုန်းက ပိုများလာသည် မဟုတ်လား။ တခုပဲ အတိုးက အရင်းနဲ့ သူ့သူ မပေါင်းသွားတာ။ မပေါင်းသွားတော့ အတိုးက ပြန်ရသည့် ပမာဏက နည်းတာပေါ့။

အဲ့မှာ ကိုဟင်က တခုပြောပြ၏။ ကဒွန် PeakD သုံး။ PeakD ကနေဆို တလပြည့်ရင် အတိုးကို claim လို့ရတယ်။ ပြီး အဲ့ claim တာက အရင်းနဲ့ ပေါင်းသွားပေးတယ်။ အဲ့ကြောင့် အတိုး အရင်းပေါင်း ပေးပြီးတဲ့ အရင်းကြောင့် အတိုးလည်း ပိုတက်ပြီပေါ့တဲ့။ ကိုဟင် ပြောပြလို့သာ တော်သေး၏။ ခုတော့ PeakD ကနေ တလတခါ အတိုးလေး သွား claim ပြီး အရင်းနဲ့ ပေါင်းထားလို့ရပြီ ဖြစ်၏။

လောလောဆယ် 120 HBD လောက်ပဲ ရှိသေး၏။ တဖြည်းဖြည်းချင်းစုပြီး များလာ တိုးလာဖို့တော့ ရည်ရွယ်ထား၏။ 1000 HBD လို့တော့ target ထားထား၏။ 1000 ထိ saving ထားနိုင်ခဲ့ပြီးလျှင်တော့ နောက်ပိုင်း ရသည့် အတိုးတွေ ဘာတွေ ကို ထုတ်ယူ သုံးစွဲ တာမျိုးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် HBD ကနေ Hive သို့ ပြောင်းပြီး power up တာမျိုးပဲ ဖြစ်ဖြစ် လုပ်ဖို့ ရည်ရွယ်ထားပါ၏။



0
0
0.000

19 comments

ဘောစိ ကြွားနေတာ ဓမြကြောက်ဖူးလား 😂

0
0
0.000

အချစ် ဓားပြ ပဲ ကြောက်တယ်
!PIZZA

0
0
0.000

စုထားဗျို့.... ငုရင် လေးတွေဆီ သွားလည်ကြမယ်။ 😁😁😁😁

0
0
0.000

Peakd မှာ သွား claim ရဦးမယ်
!PGM

0
0
0.000

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT tokens to @myothuzar, @donjaun

remaining commands 8

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
donjaun tipped johndieo (x1)
walarhein tipped donjaun (x1)
@donjaun(5/5) tipped @uthantzin (x1)
donjaun tipped ansoe (x1)
donjaun tipped myothuzar (x1)
donjaun tipped suhlaing (x1)

Join us in Discord!

0
0
0.000

!PGM
အမြန်ပြည့်ပါ​စေ

0
0
0.000

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT tokens to @donjaun

remaining commands 2

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000

ရည်ရွယ်ချက်ကောင်းမွန်ပါတယ်အစ်ကို... များများရပါစေ...!LUV !LOLZ

0
0
0.000