Final Matches of England Championship
ဒီနေ့မှာတော့ EPL Round 36 ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ EPL ၏ ဇာတ်ရှိန်မြင့်ဆုံး အချိန်အပိုင်းအခြားသို့ ရောက်လာနေပြီ ဖြစ်၏။ အထူးအားဖြင့် ချန်ပီယံဆု အတွက်ပေါ့။ ထို့ပြင် တန်းဆင်းဇုန် တနေရာစာကို ဘယ်အသင်းက ရသွားမလဲ ကောပေါ့။ ချန်ပီယံဆု အတွက်ကတော့ Arsenal နှင့် Man City တို့သာ ယှဉ်ပြိုင်သွားရဖို့ ရှိတော့၏။ Liverpool ကတော့ ချန်ပီယံပြေးလမ်းမှာ ပန်းဝင်ခါနီးမှ ကျန်ခဲ့ရလေပြီ။
ဒီနေ့ မြန်မာစံတော်ချိန် ည 6 နာရီမှာ Arsenal vs Bournemouth ည 10 နာရီမှာ Man City vs Wolves တို့ ယှဉ်ပြိုင်ကစား သွားမည် ဖြစ်၏။ နှစ်သင်းလုံး လက်ကျန် ပွဲစဉ်တွေ အားလုံး အနိုင်ကစားဖို့ လိုနေ၏။ တသင်းသင်းသာ ခြေချော်ခဲ့ရင် ထိုအသင်း ချန်ပီယံဆုနှင့် လွဲချော်မည် ဖြစ်၏။ Arsenal က ယခု ပွဲ ပြီးရင် Manchester United နှင့် အဝေးကွင်း၊ Everton နှင့် အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။
Arsenal အတွက် Man United နှင့် ပွဲစဉ်က အရေးကြီးသည်ဟု ဆိုရပေလိမ့်မည်။ Everton နှင့် ပွဲကတော့ သိပ် မခက်ခဲလောက်ပေ။ Everton အနေဖြင့် တန်းဆင်းဇုန်က လွတ်ပြီမို့ သိပ်ပြီး အားထုတ်ကစားမည် မထင်ပေ။ ထို့ကြောင့် Arsenal အတွက် Man United နှင့် ပွဲစဉ်က အဆုံးအဖြတ် ပွဲစဉ်ဟုပင် ဆိုလို့ရပေလိမ့်မည်။
Man City တို့ကတော့ Wolves နှင့်ပွဲ ကစားပြီးရင် Fulham နှင့် အဝေးကွင်း၊ Tottenham နှင့် အဝေးကွင်း (Round 34 ပွဲကျန်)၊ West Ham နှင့် အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားသွားဖို့ ရှိ၏။ လက်ကျန်ပွဲတွေထဲ Man City သတိထားရမည့် ပွဲစဉ်က Tottenham နှင့် ပွဲစဉ် ဖြစ်၏။ အင်း ... EPL ချန်ပီယံဆု အတွက် ပြိုင်ဆိုင်မှုက နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ရှိနေမည် ထင်ပါ၏။
Sheffield United ကတော့ တန်းဆင်းသွားခဲ့ရပြီ ဖြစ်၏။ Burnley လည်း တန်းဆင်းရပြီဟု ပြောလို့ ရသလိုလို မရသလိုလိုနဲ့ တကယ်တော့ မရသေးပေ။ တန်းဆင်းရမည့် လက်ကျန် ၂ နေရာ အတွက် Nottm Forest, Luton Town နှင့် Burnley တို့ ၃ သင်း အမှတ်မတိမ်းမယိမ်းနှင့် ရှိနေ၏။ ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နေကြသည့် အသင်းတွေလိုပဲ တန်းမဆင်းရရေး အတွက် ယှဉ်ပြိုင်ကြမည့် အသင်းတွေ၏ ပြိုင်ဆိုင်မှုကလည်း စိတ်ဝင်စားဖို့ ကောင်းလှပေ၏။
ဒီနေ့မှာတော့ Championship ပွဲစဉ်များလည်း ကစားသွားဖို့ ရှိနေ၏။ ရာသီပိတ်၊ ရာသီသိမ်း ပွဲစဉ်ဖြစ်သမို့ ပွဲစဉ်အားလုံး တချိန်ထဲ တပြိုင်နက်ထဲ ကစားကြမည် ဖြစ်၏။ ချန်ပီယံကတော့ Leicester City ဖြစ်၏။ လက်ကျန် တိုက်ရိုက်ဝင်ခွင့်တနေရာကိုတော့ Ipswich နှင့် Leeds တို့ ယှဉ်ပြိုင်သွားရမည် ဖြစ်၏။ Ipswich အနေဖြင့် သရေကျရုံဖြင့် အဆင့် ၂ နေရာ ရမည် ဖြစ်၏။ Leeds အတွက်က မျှော်လင့်ချက် လုံးဝမရှိတာမျိုး မဟုတ်ပေ။ အနည်းငယ်တော့ မျှော်လင့်ထားလို့ ရသေး၏။ Ipswich ကသာ Huddersfield ကိုရှုံးပြီး သူတို့က Southampton ကို နိုင်ခဲ့ရင်ပေါ့။
တိုက်ရိုက်ဝင်ခွင့် မရရင် playoff ကစားပြီး လက်ကျန် ဝင်ခွင့် တနေရာစာကို ရယူနိုင်၏။ သို့ပေမယ့် ၄ သင်း ယှဉ်လုရမှာမို့ သိပ်တော့ မလွယ်လှပေ။ ဘာပဲပြောပြော ဒီနေ့ ကစားမည့် Championship ပွဲစဉ်တွေက EPL ပွဲစဉ်တွေထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေ၏။ ပွဲစဉ်အားလုံးကို မြန်မာစံတော်ချိန် ည 6 နာရီမှာ ကစားသွားမည် ဖြစ်၏။
(Photos from EPL and Championship Facebook page)
နှစ်သင်းလုံက ဗိုလ်စွဲဖို့ အခွင့်ရေးရှိသေးတာပေါ့။
ကျွန်တော့်အထင် အာကြီးများ ဖလားရသွားမလားပဲ?
!PIZZA
!LUV
ကျနော်လည်း Arsenal
ရစေချင်တာ။
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻