Device Certified
Safetynet နှင့် ပတ်သက်လို့ ထပ်မံ ဖြည့်စွက်ပြီး ပြောလို၏။ ကနဦး Custom ROM တွေမှာက Safetynet pass မဖြစ်တာ များ၏။ နောက်ပိုင်းမှာတော့ custom ROM တွေ၏ တိုးတက် ပြောင်းလဲ လာမှု နှင့်အတူ Safetynet pass ဖြစ်လာခဲ့၏။ Root ဖောက် (သွင်း) လိုက်ရင်တော့ Safetynet fail ဖြစ်သွားလေ့ ရှိ၏။ ထိုအခါမျိုးမှာဆို Banking Apps တွေ သုံးမရတော့ပေ။
ထို့ကြောင့် Root တနည်းအားဖြင့် Magisk သွင်းပြီးရင် Safetynet pass ဖြစ်စေဖို့ module လေး တခု ထပ် run ပေးရလေ့ ရှိ၏။ ပြီးရင် Magisk setting မှာ deny list ထဲ Banking Apps နှင့် Root ဖောက်ထားရင် သုံးမရသည့် အခြား Apps တွေကို အဆိုပါ list ထဲ ထည့်ပေးရလေ့ ရှိ၏။ တခါတလေ module လည်း သွင်းပြီးပြီ၊ Safetynet စစ် တာလည်း pass ပြပေမယ့် Banking Apps တွေ သုံးလို့ မရတာမျိုးလည်း ရှိနိုင်သေး၏။ ထိုအခါမျိုးမှာ Enforce Deny list ကို on ပေးလိုက်မှ အဆင် ပြေသွားတာမျိုး ရှိတတ်၏။
Safetynet pass ဖြစ်ပေမယ့် Google play store မှာ Device certified မဖြစ်နေတာမျိုးလည်း ရှိတတ်၏။ ကာလတခုစာလောက် Custom ROM တခုမှာ Device certified မဖြစ်ဘဲ သုံးနေခဲ့ဖူး၏။ ကိုယ်တွေ အတွက်က Safetynet pass ဖြစ်ပြီး Banking Apps တွေ သုံးလို့ရရင် အဆင်ပြေပြီ။ သို့ပေမယ့် Device certified ဖြစ်ရင်တော့ ပိုကောင်း၏။
Android 13 custom ROM တုန်းက device certified မဖြစ်ဘဲ သုံးခဲ့ရတာမျိုးလည်း ရှိခဲ့ဖူး၏။ တခြား ROM ပြောင်းသုံးချိန်မှာတော့ အဆိုပါ Device certified ကိစ္စကို ပြေလည်အောင် ဖြေရှင်းပြီး Safetynet လည်း pass ဖြစ်၊ Device လည်း certified ဖြစ် နှစ်ခုလုံး အိုကေစွာ သုံးခဲ့ဖူး၏။
ယခု Android 14 ပြောင်းသုံးချိန် Everest OS မှာ Safetynet pass ဖြစ်ပေမယ့် Device certified တော့ မဖြစ်ပေ။ ကိုယ်သိသလောက် ရှာတွေ့သလောက် နည်းလမ်းစုံ သုံးသော်လည်း အဆိုပါ certified ကိစ္စက မပြေလည်ပေ။ Evolution X ROM ပြောင်းသုံးလိုက်ချိန်မှာတော့ အိုကေမှ စိုပြေ သွားတော့၏။ Device certified ဖြစ်စေသည့် Play integrity fix ကို ROM ထဲမှာ တပါတည်း Build in ထည့်ထားပေး၏။ ထိုအချက်ကတော့ တကယ့်ကို သဘောကျစရာပင်။
Lineage OS base ပြောင်းလိုက်လို့ လက်ရှိမှာ initial signed version လောက်သာ ရှိနေသေးသမို့ ယခင်လို Customize လုပ်စရာတွေ အများကြီး မပါတော့ပေမယ့် တချိန်မှာတော့ ပြင်ဆင် ဖြည့်သွင်း ပေးတန်ကောင်းပါရဲ့။ လောလောဆယ်မှာတော့ တခြား ROM ပြောင်းဖို့ မရှိသေးဘဲ Evolution X ROM ကိုသာ ဆက်သုံးနေပါဦးမည်။
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !LOOL from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
lolztoken.com
Sehr gut, kein Rückgrat und ne riesige Leber!
Credit: solymi
@donjaun, ich habe dir im Namen von @hiq.smartbot einen $LOLZ Token gesendet
Verwende den Befehl !WITZ oder !LOOL, um einen Witz und ein $LOLZ zu teilen.
.(6/8)