Daily

ဒီကာလကြီးမှာ ဘာတွေ လုပ်ဖြစ်နေလဲ မေးက ဖြေစရာ မရှိပေ။ ၁၀၉/၁၁၀ လုပ်နေသည်ဟုပဲ ပြောရမည်ထင်။ အိပ်လိုက်၊ စားလိုက် နှင့်သာ အချိန်ကုန်၏။ တူ၊ တူမလေးကို English စာ သင်တန်း ကြိုပို့ လုပ်ပေးခြင်းများ၊ သူတို့ Online class သင်နေချိန် ဘေးနားကနေ စောင့်ကြပ်ပေးခြင်းများ၊ အမေ့ကို ချက်ပြုတ်ကူပေးခြင်း အစရှိသည့် အရာများ လုပ်ပေး ဖြစ်၏။ ရုပ်ရှင်ကြည့်၊ Futsal ကစား၊ ကလစ်ခြင်းကတော့ နေ့စဉ် အပတ်စဉ် မပျက်မကွက် လုပ်ဖြစ်သည့် အရာများ ဖြစ်ချေ၏။

Futsal ကတော့ နေ့တိုင်း မကန်ဖြစ်၊ မကန်နိုင်ပေ။ ရုပ်ရှင်ကတော့ ကြည့်တရက် မကြည့်တရက် မမှန်ပေ။ ကိစ္စတော်တော်များများ မှန်မှန် မလုပ်ဖြစ်ပေမယ့် ကလစ်ခြင်းကိုတော့ မှန်မှန် လုပ်ဖြစ်၏။ တရက်မှ အပျက်မခံပေ။ တရက်နှင့် တရက် points အနည်းအများ မတူပေမယ့် ရက်ပျက်ခြင်း မရှိအောင်တော့ မမေ့မလျော့ ဝင် ကလစ်၏။ များစွာသော App တွေ အစုံ ဝင် မကလစ် ဖြစ်ပေမယ့် App တခုထဲကိုတော့ စွဲစွဲမြဲမြဲ ကလစ် ဖြစ်၏။ WOH, the pdf game ဖြစ်၏။

ကျနော် ကလစ်ပုံက တသမတ်တည်း မဟုတ်ပေ။ အားရင် အားသလို အချိန်ရရင် ရသလို ကလစ်ခြင်း ဖြစ်၏။ ညပိုင်းတွေမှာတော့ တမင် အချိန်ပေးပြီး ကလစ် ဖြစ်၏။ ရုပ်ရှင်ကြည့်ရင်း၊ ဘောလုံးပွဲ ကြည့်ရင်းပေါ့။ တချို့ မီးပျက်ရက်တွေ laptop အား မရှိချိန်မှာတော့ ဘာမှ မကြည့်ရဘဲ ဒီအတိုင်း ကလစ်ပေါ့။ ထိုသို့သော အခါမျိုးဆိုရင် tablet လေးတော့ လိုချင်မိသား။ မဝယ်နိုင်သေးလို့သာ။

ဒီကာလကြီးကလည်း ခရီးဘာညာတွေ မသွားဖြစ်နေတော့ အိမ်မှာပဲ မြဲနေပြီ။ အပြင်ဘာညာတောင် သိပ်မသွား ဖြစ်ပေ။ Futsal ကန်သည့် အချိန်လောက်သာ ထွက်ဖြစ်၏။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ဆိုပြီး တမင်တကာလည်း ချိန်းနေစရာ မလိုဘူးကိုး။ Futsal ကစားတာကလည်း ဒီသူငယ်ချင်းတွေနဲ့ပဲ ဆိုတော့ တပါတည်း ဆုံပြီးသား ဖြစ်သွား၏။

ခေတ်ကာလ အနေအထားအရကော၊ ကျနော် ကိုယ်တိုင်ကကော ခရီးဘာညာ မသွားလိုခြင်း ဖြစ်၏။ အဝေး မပြောနဲ့ မြို့ပြင် အနီးအနားတောင် မသွား ဖြစ်ပေ။ ဒါတောင် တနေ့က မရည်ရွယ်ဘဲ အင်းထဲ ဘုရားဖူး ပါသွားခဲ့သေး၏။ အားတိုင်း ကလစ် ဆိုသည့် အတိုင်း စက်လှေစီးရင်းလည်း ကလစ်ခဲ့ပါသေး၏။ အင်းထဲ ရှုခင်းတွေက ဘယ်တော့မှ မ‌ရိုးပေမယ့် ကိုယ်တွေအတွက်က အလွတ်ရနည်းနည်း ဖြစ်နေခဲ့ပြီကိုး။ အချိန်အလကား မဖြစ်အောင် ကလစ်ရင်း သွားခဲ့သည်ပေါ့လေ။ ကလစ်ပါစ ဝလာတော့ ဘယ်အချိန် ဘယ်လိုလေး ကလစ်ရင် ရတယ်တွေကိုပါ ကျွမ်းလို့ လာနေခဲ့ပြီ ဖြစ်၏။



0
0
0.000
3 comments