Congratulations Man City
EPL 2023/24 season ကတော့ ပြီးသွားခဲ့ပြီ။ ထင်မှတ်ထားသည့် အတိုင်း Man City ပဲ ချန်ပီယံ ဖြစ်သွားခဲ့၏။ Arsenal ကတော့ ဒုတိယနေရာနှင့်ပဲ ရာသီသိမ်းနိုင်ခဲ့၏။ မနှစ်ကလည်း ဒုတိယပဲ ဖြစ်၏။ နှစ်ရာသီဆက်တိုက် ဒုတိယ နေရာပဲ ရခဲ့တာကတော့ ချီးကျူးရမလား၊ နှစ်သိမ့်ရမလား အတော်လေး ဝေခွဲ မရနေပေ။ ဒီနှစ်ကိုက Arsenal ကို ဖလား ရစေချင်ခဲ့တာ အရမ်းပင်။ အင်းပေါ့ ကိုယ်တွေလည်း တခြား အသင်း fan တွေတောင် Arsenal ကို ဖလား ရစေချင်တာ Arsenal fan တွေကတော့ ထိုထက်ပင် ပိုပေလိမ့်ဦးမည်။
နှစ်ရာသီဆက်တိုက် အဆင့် ၂ သာ ရခဲ့တာကတော့ အတော်လေး မခံချိ မခံချင် စရာပင်။ ခြေစွမ်းပိုင်းအရ တိုးတက်လာခဲ့ပေမယ့် ကောင်းမွန်လာခဲ့ပေမယ့် ကံကြမ္မာကတော့ ခုထိ မျက်နှာသာ မပေးခဲ့ပေ။ ဘယ်သူ မပြု မိမိမူပင်လို့ ပြောရမယ်ထင်။ အကြောင်းရင်း ရှိ၏။ Arsenal တို့သာ EPL Round 33 Aston Villa နှင့် အိမ်ကွင်း ပွဲစဉ်ကိုသာ အနိုင်ကစားခဲ့ရင် EPL ဖလားက သူတို့ အတွက် ဖြစ်သွားခဲ့မှာ အသေအချာပင်။
ထိုပွဲကို သတိတရနဲ့ မှတ်မှတ်ထင်ထင် ရှိနေခဲ့သည့် အကြောင်းရင်းကလည်း ထပ်ရှိနေသေး၏။ ထိုနေ့က Leverkusen တို့ Werder Bremen ကို 5-0 ဖြင့် အနိုင်ယူပြီး ရာသီ မကုန်ခင် ချန်ပီယံ ဖြစ်သွားခဲ့သည့် ရက်လည်း ဖြစ်၏။ ထိုနေ့က Arsenal ကစားပုံ အတော်ကောင်း၏။ ဘောလုံး ပိုင်ဆိုင်မှု အသာ၊ ကစားကွက် အသာဖြင့် Aston Villa ကို တစ်ဖက်သတ် ဖိကစားထားနိုင်ခဲ့၏။ ဂိုးသွင်းခွင့်တွေ အများအပြား ရပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲ နိုင်ခဲ့ပေ။ ဒုတိယပိုင်းမှာလည်း ထိုနည်း၎င်းပင်။
ဂိုးမရ။ ဘာတွေ လုပ်လို့ လုပ်နေမှန်းကို မသိပေ။ မိနစ် 80 ရောက်တော့ ကျနော်လည်း Leverkusen ပွဲ တချက် ခဏ ပြောင်းကြည့်၏။ ပြီး Arsenal ပွဲဖက် ပြန်လှည့်တော့ 88 မိနစ် ရောက်နေပြီ။ ဆရာသမားက 0-2 နဲ့ ရှုံးနေပြီ။ တအံ့တဩလည်း ဖြစ်သွား၏။ ဖိနေတာက သူ၊ ဂိုးသွင်းခွင့်တွေ ရနေတာက သူလေ။ ဘယ်လို တွေဖြစ်။ 84 နှင့် 87 မိနစ်တွေမှာ 2 ဂိုး ဆက်တိုက် ပေးလိုက်ရခြင်း ဖြစ်၏။ မတန်ချက်၊ ပေါ့လျော့ချက်။ ထိုပွဲ ရလဒ်ကပဲ Arsenal ကို ချန်ပီယံ အဖြစ်မှ ဝေးကွာ သွားစေခဲ့ခြင်း ဖြစ်၏။
လက်ကျန် 5 ပွဲလုံး အနိုင်ရခဲ့ပေမယ့် ထို တပွဲ၏ ရလဒ်ကပဲ Arsenal ကို ချန်ပီယံ အဖြစ်မှ လွဲချော်သွားစေခဲ့သည်ဟု ကျနော်ကတော့ ဆိုချင်မိ၏။ ကျနော့် သူငယ်ချင်း Arsenal အားပေးသူတွေ အတွက်လည်း စိတ်မကောင်း ဖြစ်ရ၏။ ကိုယ်တွေ United က လက်ရှိမှာ သူတို့ အနေအထားမျိုးတောင် ရှိမနေခဲ့ဘူး မလား။ Sir Alex နှင့် Arsene Wenger ခေတ် အလွန်မှာ Arsenal တို့ ပြန်လည်လို့ ဦးမော့ လာခဲ့ပေမယ့် United တို့ကတော့ ခုထိ ရုန်းကန် နေရဆဲ ဖြစ်၏။ လာမည့် ရာသီမှာ ကိုယ်တွေ အသင်းလည်း အနေအထား တခု၊ တန်း တခုသို့ ရောက်လာနိုင်ဖို့ မျှော်လင့် မိပါ၏။
(Photos from Respective Facebook Page)
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
$PIZZA slices delivered:
@hiq.smartbot(4/5) tipped @donjaun