Cirus Foundation

ဒီရက်ပိုင်းကတော့ မိတ်ဆက်ပေးစရာတွေ များမည်ထင်။ အမှန်တော့ ကျနော်တို့ Myanmar Community ထဲမှာ ကျနော် စသိတာ မဟုတ်ပါဘူး။ ဒီတခုကိုက @kaunglay2 က Community Chat မှာ sharing လုပ်ထားတာ ဖြစ်ပါတယ်။ Chrome browser မှာ extension အနေနဲ့ သုံးရတဲ့ Wallet မျိုး ဖြစ်ပါတယ်။ Browser ကနေ Website တွေကို surfing လုပ်ခြင်းကနေ crypto ပြန်ရတဲ့ သဘောမျိုး ဖြစ်ပါတယ်။ Cirus Foundation ကနေ ဖန်တီးထားတဲ့ Cirus: Crypto Wallet | Web3 | Earn Crypto extension wallet လေးပဲ ဖြစ်ပါတယ်။

သူလည်း data to earn သဘောမျိုးပါပဲ။ ‌website တွေ surfing လုပ်ခြင်းကနေ cirus point (score) တွေကို rewards အနေဖြင့် ပြန်ပေးတာ ဖြစ်ပါတယ်။ Data collected သဘောမျိုးမို့ မိမိ ဖွင့်မယ့် website တွေကို ဂရုစိုက်ပြီး သတိထားဖွင့်တာကတော့ ပိုကောင်းမယ် ထင်ပါရဲ့။ Cirus wallet မှာ Cirus tokens, BTC, Eth, Solana, Dogecoin, XRP အပြင် usdt, usdc အစရှိတဲ့ stable coin တွေလည်း support ပေးပါတယ်။

Web surfing လုပ်ခြင်းကနေ ရရှိလာတဲ့ USD တွေကို မိမိ ကြိုက်နှစ်သက်ရာ tokens အဖြစ် ပြောင်းလဲ ထုတ်ယူနိုင်ပါတယ်။ ကျနော်က laptop ထဲမှာ ထည့်ထားပါတယ်။ ဒီရက်ပိုင်း မအားတာရယ်၊ မီးတွေ ပျက်နေတာရယ်နဲ့ laptop လည်း သိပ်မဖွင့် ဖြစ်ပါဘူး။ August 12 ရက်နေ့မှာ extension စသွင်းထားပါတယ်။ laptop ကိုက တရက်ကို နာရီ အနည်းငယ်ပဲ သုံးဖြစ်ပါတယ်။ laptop က battery မခံတော့တာမို့ မီးပျက်တာနဲ့ သူလည်း တန်းပြီး shut down ကျပါတယ်။

ဒီအတိုင်း ပစ်ထားလိုက်တာ August 25 ရက်နေ့မှာတော့ ကျနော့်မှာ 0.55 USD လောက် data earn reward အနေဖြင့် ရထား၏။ စမ်းထုတ်ကြည့်မှပဲ ဆိုပြီး usdt ပြောင်းကြည့်၏။ tokens swap တာက fee မပေးရပေ။ ထုတ်တာတော့ ပေးရ၏။ 2 usdt တဲ့။ ကိုယ် ထုတ်တာကမှ 0.5 လေးကို fee က 4 ဆလောက် ဖြစ်နေခဲ့၏။ သို့နှင့် usdt ကနေ doge သို့ တဖန် ပြန် ချိန်းပြီး ထုတ်ကြည့်၏။ Doge နဲ့ကတော့ သက်သာ၏။ fee အနေနဲ့ Doge 0.7 သာ ပေးရ၏။ 0.07 $ လောက်ပဲပေါ့။ နောက်ထုတ်ဖြစ်ရင်လည်း Doge နဲ့သာ ထုတ်တော့မည်။

Cirus က လက်ရှိ ဈေး အနေနဲ့ 0.007$ လောက်ပေါက်၏။ Cirus hub မှာ cirus tokens တွေကို stake လုပ်ခြင်းကနေလည်း rewards ရနိုင်ပါသေး၏။ အသေးစိတ် သိလိုပါက website link လေး ထည့်ပေးထားပါမယ်။ အားလုံးပဲ ဉာဏ်ရှိသလို သုံးပြီး free rewards တွေ ရယူနိုင်ကြပါစေ။



0
0
0.000
8 comments
avatar
(Edited)

cirus token စျေးတက်နေပါတယ်။

0
0
0.000
avatar

ဟုတ်လား။
ကျေးဇူး ညီရေ။

0
0
0.000