Can United Win
ဒီတပတ် ချန်ပီယံလိဂ် ပွဲစဉ်တွေထဲမှာ ယခင် တပတ်လို လူပြောများသည့် ပွဲစဉ်တေွ ရှိခဲ့ပြန်၏။ Sporting vs Man City နဲ့ Liverpool vs Leverkusen တို့၏ ပွဲစဉ်တွေ ဖြစ်၏။ Sporting က City ကို 4-1 ဂိုး၊ Liverpool က Leverkusen ကို 4-0 ဂိုးဖြင့် အနိုင်ရခဲ့၏။ PSV က လည်း Girona ကို 4-0 ဂိုးဖြင့် နိုင်၏။ နို့ပေမယ့် ပိုပြီး လူပြောများတာကတော့ အပေါ်က 2 ပွဲ ဖြစ်မည်။
ပြီး ကျန်သေး၏။ ချန်ပီယံလိဂ် ဘိုးအေကြီး Real Madrid ဖြစ်၏။ အိမ်ကွင်းမှာ AC Milan ကို 1-3 နဲ့ ရှုံးသွားခဲ့၏။ ပြီးခဲ့သော တပတ်က Dortmund နဲ့ပွဲမှာ 2 ဂိုး ရှုံးနေတာကို Come back ပြခဲ့သည့် ချန်ပီယံလိဂ် ဂရုကြီး ဒီတပတ် AC Milan နဲ့ အတွေ့မှာတော့ ပြန်မလာနိုင်တော့ပေ။ Bayern Munchen ကိုတောင် အိမ်ကွင်းမှာ အနိုင်ကစားခဲ့သည့် Aston Villa သည်လည်း ဒီတပတ်မှာတော့ Club Brugge ကို အဝေးကွင်းမှာ 1-0 ဖြင့် အရှုံးပေးခဲ့ရပြီး 4 ပွဲဆက် နိုင်ပွဲရမည့် အရေးနဲ့ လွဲခဲ့ရတော့၏။
လက်ရှိမှာတော့ 4 ပွဲ ကစားအပြီး 4 ပွဲလုံး နိုင်ထားသည့် အသင်းဆိုလို့ Liverpool တသင်းထဲသာ ရှိတော့၏။ Premier League မှာလည်း 10 ပွဲ ကစားအပြီး 8 ပွဲနိုင်၊ 1 ပွဲ သရေ၊ 1 ပွဲရှုံး 25 မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထား၏။ Klopp မရှိတော့ပေမယ့် Arne Slot လက်ထက်မှာ Liverpool တို့ ဆက်လက် အစွမ်းပြနေခဲ့၏။ တချို့ အသင်းတွေ များကြ နည်းပြ ပြောင်းလဲ အေးအေးဆေးဆေးပင်။ ကိုယ်တွေ United သာ။
နက်ဖြန် မြန်မာစံတော်ချိန် မနက် 2 နာရီခွဲမှာတော့ United ၏ ယူရိုပါလိဂ် ပွဲစဉ် ကစားသွားဖို့ ရှိ၏။ 2 ပွဲဆက် သရေကျထားမှုကို ဒီတပွဲမှာတော့ ရပ်တန့်တန်ကောင်း၏။ Ruud ရေ လုပ်ပြလိုက်ပါ။