Can United Win

EPL Week 9 ၏ ပွဲစဉ် 6 ပွဲကို မနေ့ စနေနေ့က ကစားသွားခဲ့ပြီး ဖြစ်၏။ သရေပွဲ 3 ပွဲ၊ အရှုံးအနိုင် ရလဒ် ထွက်ပေါ်တာက 3 ပွဲရှိခဲ့၏။ Man City တို့ အိမ်ကွင်းမှာ Southampton ကို 1-0 ဖြင့် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရထား၏။ ဒီနေ့ Super Sunday ပွဲစဉ်မှာသာ Liverpool က Arsenal ကို သရေ သို့မဟုတ် ရှုံးသွားခဲ့ရင် အဆင့် 1 နေရာကို City တို့ ထပ်မံ ရယူထားနိုင်မည် ဖြစ်၏။

ဒီနေ့ Super Sunday မှာ Arsenal vs Liverpool တို့၏ ပွဲကြီးပွဲကောင်း ရှိနေသေလို အသည်းကျော် Man United ၏ ပွဲစဉ်‌လည်း ရှိနေခဲ့၏။ West Ham vs United တို့၏ ပွဲစဉ် ဖြစ်၏။ West Ham ၏ အိမ်ကွင်း ဆိုတော့ United အတွက် ခက်ခဲနိုင်၏။ လက်ရှိ United က ဘယ်အသင်းနဲ့ တွေ့တွေ့ အသည်းအသန် ကစားနေရ၏။ လွယ်ကူသည့် ပြိုင်ဘက်ရယ်လို့ မရှိတော့ပေ။

ယခင် United က ပွဲမပြီး မချင်း ရှုံးသည်ဟု ပြောမရပေ။ ပွဲသိမ်းခရာမှုတ်မှသာ အနိုင်အရှုံး အဖြေပေါ်သည့် United ဖြစ်၏။ မိနစ် 90 ထိ ရှုံးနေရင်တောင် injury time (added time) တွေမှာ ဂိုးပြန် သွင်းပြီး ရလဒ်တွေ ပြောင်းလဲ သွားအောင် လုပ်နိုင်သည့် အသင်း ဖြစ်၏။ Sir Alex လက်ထက်မှာ ထိုသို့ Come back ပြခဲ့သည့် ပွဲတွေမှ အများကြီးရယ်။ EPL မှာဆို United ၏ အချိန်ပို မိနစ်တွေကို Fergu time (ဖာဂီ တိုင်း) ဟုပင် ခုကြသေး၏။ United ရှုံးနေရင် အချိန်ပို မိနစ် ပိုပြီးရသည် ပေးတတ်သည်ဟု အချို့ အသင်းတွေက ပြောကြလေ့ ရှိ၏။

ကိုယ့် အသင်းကိုယ်မို့ ပြောတာ မဟုတ်၊ ထိုသို့ သိသိသာသာ မျက်နှာသာပေးတာမျိုးတော့ United အနေနဲ့ မရခဲ့ပေ။ နို့ပေမယ့် Sir Alex လက်ထက်နဲ့ သူ့ အလွန် နည်းပြတွေ လက်ထက်မှာ ပွဲချိန် အတွင်း United ကို အလေးထား ဆက်ဆံပုံကတော့ ကွာသွားခဲ့၏။ ကြာဝောာ့ United fan တွေလည်း နေသားကျနေပါပြီလေ။ အသင်းက ဒီသံသရာမှာပဲ လည်နေခဲ့တာ ကြာခဲ့ပြီ မဟုတ်လား။

ချစ်မိ လက်စနဲ့ ရှုံးရှုံး နိုင်နိုင် အားပေးနေရပေလိမ့်ဦးမည်။ အောင်မြင်ချိန်မှာ အတူ ရှိခဲ့သလို နိမ့်ကျချိန်မှာလည်း အတူ ရှိနေရမည် မဟုတ်လား။ Once Red Always (Forever) Red ဆိုသလိုပေါ့။ တကြိမ်ပဲ ချစ်ခဲ့ပေမယ့် တသက်စာ ဖြစ်သွားခဲ့လေပြီ။



0
0
0.000
4 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Day - November 1st 2024
Halloween Challenge - Publish Your Chilling Story for an Exclusive Halloween Badge!
0
0
0.000