Can Croatia Did
Group A ၏ ပွဲစဉ် 3 ပွဲလုံး ကစားပြီး ဖြစ်၏။ Germany နှင့် Switzerland တို့ နောက်တဆင့် တက်သွားခဲ့၏။ Hungary က အုပ်စု အဆင့် 3 နေရာမှာ ရပ်တည်နေ၏။ 3 မှတ်သာ ရထားသည်မို့ အကောင်းဆုံးတတိယ အသင်း အနေဖြင့် နောက်တဆင့် တက်နိုင်ဖို့က အနည်းငယ် ခက်ခဲပေလိမ့်မည်။ 4 မှတ်လောက် ရထားရင်တော့ မဆိုးပေ။ Scotland vs Hungary တွေ့ဆုံမှုမှာ Scotland နိုင်မယ်လို့ ထင်မှတ်ထားခဲ့ပေမယ့် တကယ်တမ်းမှာ Hungary က 0-1 ဖြင့် အနိုင်ရသွားခဲ့၏။
Switzerland vs Germany ပွဲကတော့ တဖက် တဂိုးစီဖြင့် သရေကျသွားခဲ့၏။ အဆိုပါ ပွဲစဉ် ဘယ်လို ရလဒ်ပဲ ထွက်ထွက် Scotland အနေဖြင့် Hungary ကိုသာ အနိုင်ကစားနိုင်ခဲ့ရင် 4 မှတ်ဖြင့် အကောင်းဆုံး တတိယ 4 သင်းထဲ ပါဖို့ အတော်လေး အခြေအနေကောင်းသွားမည် ဖြစ်၏။ ခုတော့ စောစီးစွာပဲ အုပ်စု အဆင့်က လှည့်ပြန်ခဲ့ရတော့၏။ Hungary အနေဖြင့် မျှော်လင့်ချက် နည်းသည် ဆိုပေမယ့် ကျန်အုပ်စု ပွဲတွေ ကစားပြီးချိန်ထိ စောင့်ကြည့်ရပေလိမ့်ဦးမည်။
နက်ဖြန် မနက် 1 နာရီခွဲမှာတော့ Group B ၏ အုပ်စု နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ Albania vs Spain နှင့် Croatia vs Italy တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ Spain ကတော့ နောက်တဆင့် တက်သွားခဲ့ပြီ ဖြစ်၏။ ကျန် 3 သုံးကတော့ မျှော်လင့်ချက် ရှိနေသေးသည်ဟု ဆိုလိုရမည်။ Albania အနေနဲ့ Spain ကို အနိုင်ရဖို့ ခက်ပေလိမ့်မည်။ ကြည့်ကောင်းမှာက Croatia vs Italy တို့၏ ပွဲစဉ် ဖြစ်၏။ Italy က သရေကျလည်း ကိစ္စ မရှိပေမယ့် Croatia တို့ အနေဖြင့် သရေတောင် ကျလို့ မရပေ။ သူတို့ Italy ကို နိုင်မှသာ နောက်တဆင့်အတွက် စိတ်ချရမည် ဖြစ်၏။
Copa America Group C ပွဲစဉ်တွေမှာတော့ USA က Bolivia ကို 2-0 ဖြင့် လည်းကောင်း၊ Uruguay က Panama ကို 3-1 ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့၏။ Group D ပွဲစဉ်များကိုတော့ နက်ဖြန် မနက် 4 နာရီခွဲနှင့် 7 နာရီခွဲတို့မှာ ကစားသွားကြမည် ဖြစ်၏။ Colombia vs Paraguay နှင့် Brazil vs Costa Rica တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။
(photos from Euro Facebook page)
!lolz
Keep up the good work. 👏
You are loved. 🤗 + u deserve the best. 💪
Curated by Mystic artist Gudasol
Interested to to help me spread more positivity (musically) on Hive?.