Bitget

Binance နဲ့ Bybit account ဖွင့်လို့ရသွားပြီးနောက် Bitget account ထပ်ဖွင့်၏။ သူလည်း မှတ်ပုံတင်နဲ့ ရသည် ဆို၏။ Binance နဲ့ Bybit ကိုလည်း မှတ်ပုံတင်နဲ့ပဲ ဖွင့် (verified ) ထားခဲ့ခြင်း ဖြစ်၏။ Binance account ကို အရင်ဖွင့်ထားပေမယ့် verified တော့ မဖြစ်နေပေ။ Passport မလုပ်ရသေး၊ Driving license က သက်တန်းလွန်နေတာနဲ့ လိုင်စင်နဲ့က တင်လို့ မရပေ။ ပြီး ထိုအချိန်က မှတ်ပုံတင်နဲ့က တင်လို့ရသူတွေ ရှိသလို မရသူတွေလည်း ရှိ၏။ ခုထိလည်း အဲ့တိုင်းပင်။

Bybit ဖွင့်တော့ မှတ်ပုံတင်နဲ့ verified လုပ်တာ ရသဖြင့် Binance ကိုပါ တပါတည်း verified လုပ်လိုက်၏။ ကံကောင်းချင်တော့ ရသွားခဲ့၏။ Binance ကော Bybit ကော verified အောင်သွားခဲ့ပြီ။ ဒါပေမယ့် လက်ထဲ trade စရာ ဘာမှ မရှိ။ ဘာပဲပြောပြော exchange account ရှိထား မမှားဘူး မလား။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူရှိန်တာပေါ့လေ။ Verified အောင်ပြီးမှ Bybit က သုံးမရ ဖြစ်နေ၏။ ကျနော့် phone က root ရှိနေသောကြောင့် ဖြစ်၏။ Magisk modules တွေနဲ့ Root hide, Deny လုပ်သော်လည်း မရနေပေ။ ရယ်ရတာက အခြား exchange app, Banking app တွေ သုံးရနေပြီး Bybit တခုထဲ မရနေခြင်း ဖြစ်၏။ ထို အကြောင်းကိုလည်း ပိုစ့်တွေ တင်ထားခဲ့ပြီး ဖြစ်၏။

Telegram Airdrop တွေ လုပ်ဖို့ Exchange ရှိဖို့ လိုသည် မဟုတ်လား။ ပြီး Exchange ကလည်း တခုတည်းနဲ့ မရနေပြန်ပေ။ တချို့ tokens တွေက တချို့ exchange မှာ ရပြီး၊ တချို့ tokens တွေက မရနေဘူးကိုး။ လက်ရှိ hot နေတဲ့ Cats token ဆို Bitget မှာ pre market ရနေပြီ ဖြစ်၏။ ထိုထိုသော အကြောင်းတွေကြောင့် Bitget exchange ထပ်ဖွင့်ဖို့ လိုလာခဲ့ပြီ ဖြစ်၏။ ပြီး ကျနော် တွေ့မိသလောက် Telegram Airdrop တွေက Bitget မှာ အရင် list တာ ပိုများ၏။

Bitget မှာ မှတ်ပုံတင်နဲ့လည်း ရနေပြီ ဆို၏။ စမ်းဖွင့်ကြည့်တာပေါ့။



0
0
0.000
3 comments
avatar

ကွျန်တော် တော့ Biget account မှတ်ပုံတင်နဲ့မရလို့ ပစ်ထားတာ ကြာ‌ပြီ။
!LOLZ
!MEME

0
0
0.000