အထင် အမြင် အသိ

(Edited)

တနေ့က Facebook သုံးနေရင်း Video လေး တခု ကြည့်မိ၏။ တခြား နိုင်ငံက Video ဖြစ်၏။ Prank လုပ်သည့် အကြောင်းအရာမျိုး ရိုက်ပြထားတာ ဖြစ်၏။ ဒီအတိုင်း ဖျော်ဖြေရေး သက်သက် သဘောမျိုးလောက် အဆင့်သာ ဖြစ်၏။ Video ထဲမှာ ကောင်မလေး တယောက်က ပါးကို နမ်းမလား၊ ရိုက်မလား (ကန်တော့) သူမ၏ တင်ပါးကို ရိုက်မလား ဆိုပြီး option ရွေးဖို့ ပေးထား၏။ ယောကျာ်းလေးတွေကိုပဲ အများဆုံး လိုက်မေးထား ခြင်း ဖြစ်၏။ ကောင်မလေးက တောင့်တောင့်တင်းတင်း ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ချစ်စရာလေး ဖြစ်၏။

ပါးကို နမ်းသည့် option ရွေးသူက ရွေး။ တင်ပါးကို ရိုက်မယ်ဟု ရွေးသူက ရွေးပေါ့။ အဲ့မှာ ကျနော် သတိထားမိသွားသူ တယောက်ပါ၏။ သူက ပါးကို နမ်းသည့် option ကို ရွေးသူ ဖြစ်၏။ ဒါကိုမှ မနမ်းခင် မင်း အသက် ဘယ်လောက် ရှိပြီလဲဟု ကောင်မလေးကို မေး၏။ ကောင်မလေးက ငယ်ငယ်ရွယ်ရွယ်လေး ဆိုတော့။ ကလေးမက I'm 20 လို့ ​ပြန်ပြောမှ နမ်း၏။

သူတို့ဆီမှာက ထိုသို့သော prank video မျိုးက အထူး အဆန်း မဟုတ်ပေ။ သာမန် ဖြစ်ရိုး ဖြစ်စဥ် တခုလောက်သာ။ ကျနော်တို့ ဆီမှာသာ အဲ့လို လုပ်ကြည့်ပါလား။ ပွဲတလုံး ဖြစ်သွားမည်။ အရှက်မရှိတဲ့ ဟာမ တို့၊ နှဘူးကောင်တွေ တို့၊ ငါတို့လည်း ရိုက်ကြည့်ချင်လိုက်တာတို့ အစရှိသဖြင့် အုန်းအုန်းထ ဝိုင်း ပြောကြမည် ထင်ပါရဲ့။

ကျနော်တို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို အပြစ်တင်တာတော့ မဟုတ်ပေမယ့် အတွေး အခေါ် အယူအဆ ပိုင်းမှာ ကျနော်တို့ တော်တော်လေး နောက်ကျ ကျန်ခဲ့ပြီ ဖြစ်၏။ ပိတ်လှောင်ထားသည့် အတွေးတွေနဲ့ တဖက်သတ် ကောက်ချက်တွေချပြီး လိုရာဆွဲပြီး ပြောကြ ဆိုကြပေလိမ့်မည်။

ဒါတောင် လက်ရှိ ကျနော်တို့ အဖွဲ့အစည်းက အတန်ငယ် အကောင်းဘက်၊ အပြုသဘောဆောင်တဲ့ ဘက်သို့ ရောက်လာနေသည်ဟု ပြောလို့ရ၏။ အတွေးအဟောင်းတွေ၊ အသုံးမဝင်သည့် အပိုစာသားတွေကို ဖြုတ်ချထားနိုင်ခဲ့ကြပြီ ဖြစ်၏။ အတွေးအခေါ်ပိုင်း ပြောင်းလဲ သစ်လွင်လာသည့် လူတွေနဲ့ပဲ လှပသော ပတ်ဝန်းကျင်ကို ဖန်တီး နိုင်ပေလိမ့်မည်။ အပြုသဘောဆောင်တဲ့ အတွေးအခေါ် အသိအမြင်တွေကသာ ပိုမိုကောင်းမွန်ပြီး အဆင့်အတန်းမြင့်သည့် လူမှု ပတ်ဝန်းကျင်ကို ဖြစ်ထွန်း ပေါ်ပေါက် လာစေလိမ့်မည်။



57
0
12.121 NEOXAG

10 comments
(Edited)

အတွေးတိမ်တွေ တိမ်တဲ့အတွေးတွေ နက်နဲပါစေ။
!LOLZ
!MEME

0
0
0.000 NEOXAG
(Edited)

အောင်မြင်ပါစေ...မြန်မာပြည်ပေါ့...!PGM !PIZZA

0
0
0.000 NEOXAG
(Edited)

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO tokens

remaining commands 6

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000 NEOXAG