Another Game for Me

ဂိမ်း မဆော့ ဖြစ်တာ ကြာခဲ့ပြီ။ ယခင်တုန်းက တရက်ကို အနည်းဆုံး တနာရီလောက်တော့ ဂိမ်း ကစားဖြစ်၏။ အကြမ်းအားဖြင့် တနာရီကနေ သုံးနာရီ ကြားလောက်ပေါ့။ ဂိမ်းအစုံ ကြီးကြီးမားမားတွေ ကစားခြင်းမျိုး မဟုတ်ပေ။ ဒီအတိုင်း Mobile Legends ကို အပျော်သဘောလောက်သာ ကစားခြင်း ဖြစ်၏။ အပျော်လို့သာ ပြောတာပါ တခါတလေ စိတ်ညစ်လို့ ဂိမ်းကစားမှ ပိုပြီး စိတ်ညစ်သွားရသည့် အခါမျိုးတွေလည်း ရှိ၏။ ကောင်းကောင်း မကစားဘဲ တပါးသူတွေ စိတ်ညစ်အောင် တမင် ညစ်ကစားသည့် သူတွေနဲ့ တသင်းထဲကျသည့် အခါမျိုးတွေပေါ့။
ဒီကာလကြီးထဲ ယခင်လောက် ML မဆော့ ဖြစ်တော့ပေ။ Evolution X ROM စပြီး သုံးနေကတည်းက တနည်းအားဖြင့် Android 14 ကို စသုံးချိန်က စလို့ မကစား ဖြစ်တော့ပေ။ ဂိမ်း ရှိနေရဲ့သားနဲ့ မကစား ဖြစ်ခြင်းမျိုး မဟုတ်ပေ။ Download ကို မလုပ်ထားရခြင်း ဖြစ်၏။ ဒီကြားထဲ AOV နှင့် LOL တော့ ခဏကစား ဖြစ်လိုက်သေး၏။ ထို့နောက် ML ပြန်သွင်းပြီး ကစား တရက်၊ မကစား တရက်နဲ့ပေါ့။ အရင်လို ပုံမှန် မကစား ဖြစ်တော့ပေ။

မကစားဖြစ်သည့် အကြောင်းရှိ၏။ ML ထက် WOH ကစားနေရသောကြောင့် ဖြစ်၏။ ကစားတယ် ဆိုတာထက် ကလစ်တာ ဆိုရင် ပိုမှန်မည်။ အရေးကြီးတာ၊ လုပ်သင့်တာကို အရင် လုပ်ရမည် မဟုတ်လား။ ML ကစားချိန်တွေကို WOH အတွက် ပေးလိုက်၏။ ထို့ပြင် အချိန် အားရင် အအားရသလိုလည်း ကလစ် ဖြစ်၏။ ကိုယ် လုပ်ပေးနိုင်တာကလည်း ဒါပဲ ရှိသည် မဟုတ်လား။
မွန်းကြပ်မှုတွေ များလာသည့် ကာလမို့ နေ့တိုင်း မဟုတ်တောင် ရက်ခြားလေး ဖြစ်ဖြစ် ဆော့မယ်ကွာ ဆိုပြီး MOBA games တွေထဲက မကစားဖူးသေးသည့် Honor of Kings ကို ကစားကြည့်မယ်ဆိုပြီး download ဆွဲထားလိုက်၏။ စမ်း ကစားကြည့်တော့ အတော်လေး မိုက်၊ အဆင်ပြေ၏။ ML လောက် size မကြီး ပေမယ့် Graphic ပိုင်း၊ ဂိမ်း ပလေးပိုင်းမှာ အတော်လေး အဆင်ပြေ၏။

MOBA games တွေ အားလုံး နီးပါးကတော့ Dota ကို အခြေခံထားကြတာ ချည်းပင်။ LOL ဂိမ်းက heroes (champions) တွေ ကူးချထားကြတယ်ဆိုပြီးတော့ MOBA games အတော်များများကို ဝေဖန် သုံးသပ်ကြတာမျိုးတွေ ရှိတယ်။ ဟုတ်လည်း ဟုတ်နေတာကိုး။ LOL အနေဖြင့် PC version အပြင် MOBA version တွေပါ ထုတ်လိုက်တော့ ပိုမိုက်သွား၏။ LOL fans တွေကတော့ PC version သာမက MOBA version ပါ ကြိုက်ကြပေလိမ့်မယ်။ ML ကိုသာ စကစားဖူးသူတွေအဖို့တော့ LOL ကို ကြိုက်သူ နည်းမည် ထင်၏။
ဘယ်အချိန် ML ကို ပြန်သွင်းပြီး ပြန် ကစားဖြစ်မည်တော့ မသိသေးပေ။ လောလောဆယ်တော့ ကလစ်နေရင်း တခါတလေ HOK လေးပဲ ကစားနေလိုက်ပါဦးမည်။
