အေးချမ်းသာယာပါစေ
နွေက ပူလွန်းလှ၏။ ဒီရက်ပိုင်း ပိုပြီး ပူတယ်လို့ကို ခံစားရ၏။ ကိုယ့်အိမ် ကိုယ့်ရာ မှာ နေရသူတွေက ထားပါတော့၊ ပြေးရ လွှားရ ရှောင်တိမ်း နေရသူတွေသာဆို ပသို့များနေ မည်နည်းဟု တွေးနေမိ၏။ ခုချိန်ထိတော့ သင်္ကြန်က ပျော်စရာ သင်္ကြန် မဟုတ်နေသေးပေ။ တော်လှန် သင်္ကြန် အဖြစ်နဲ့ပဲ ဆက်ရှိနေသေး၏။ ယခင်ကတည်းက သင်္ကြန်ဆို သိပ်လည်လေ့ လည်ထ မရှိသူအဖို့ ထူးထွေ ခက်ခဲစွာ အိမ်တွင်း အောင်းနေဖို့ မလိုလှပေ။ သင်္ကြန် မတိုင်ခင်ကကို အပြင် ဘာညာ အသွားအလာ နည်းသူမို့ သင်္ကြန်တွင်း ပိုလို့တောင် မထွက်ချင်၊ မထွက် ဖြစ်ပေ။ ဘုန်းကြီးကျောင်း တက်သည့် ရက်၊ အချိန်မျိုးသာ ထွက်ဖြစ်၏။ ညနေ၊ ညဦးပိုင်းလောက်မှာ သူငယ်ချင်းတွေနဲ့ ဆိုင်လေး ဘာလေး ခဏတဖြုတ် ထတာ လောက်သာ ရှိ၏။
ဒီနှစ် သင်္ကြန်က အနည်းငယ် ထူးဆန်းသေး၏။ အခြား မဟုတ် လုံးဝ မိုးမရွာတာ ဖြစ်၏။ ဟ နွေခေါင်ခေါင်ကြီး မိုးရွာ စရာလားပေါ့။ ဟုတ် ရွာပါ၏။ ရှေ့နှစ်တွေတုန်းက ကျနော်တို့ဆီမှာ ရွာပါ၏။ တရက် တလေ မဟုတ် နေ့တိုင်း နီးပါး ရွာပါ၏။ တနေ့ကုန်တော့ မဟုတ်ပေမယ့် ခပ်ကြာကြာလေး ရွာတတ်၏။ မိုးမရွာချိန်ဆို မိုးတိမ်တွေနဲ့ အုံ့မှိုင်း နေပြန်ရော။ ထိုသို့သော အခြေအနေက တနှစ် တလေ မဟုတ်၊ နှစ် အတော်ကြာကြာ ဖြစ်ခဲ့၏။ ဒီနှစ်မှာတော့ အဘယ်ကြောင့် မရွာသည်ကို မပြောတတ်ပေ။
ပုံမှန်အားဖြင့် သင်္ကြန်မှာ သင်္ကြန်မိုး ရွာလေ့ ရှိသည် မလား။ ရှေ့နှစ်တွေမှာ ရွာသည့် မိုးက သင်္ကြန်မိုးဆိုသည်ထက် ပို၏။ သင်္ကြန်မိုးဆိုတာက မြေမှုန့် သိပ်ရုံ၊ ဖုန်မထရုံ လောက်၊ ခဏလေးသာ ရွာလေ့ ရှိသည် မလား။
ဒီနှစ်မှာတော့ မိုးကို ရွာစေချင်နေမိတာ။ ရာသီဥတု အတော်လေး ပူသောကြောင့် ဖြစ်၏။ မပူ စဖူး၊ အတော်ပူသည် ပြောလို့ရ၏။ မိုးလေးသာ ရွာလိုက်ရင် နည်းနည်းပါးပါး နေလို့ထိုင်လို့ အဆင်ပြေပေလိမ့်မည်။ ခုတော့ ကိုယ်ရွှေမိုးက လုံးဝကို မရွာပေ။ ပူသည့် အပူက ပူသည်ဟု ရေရွတ်မိနေရင်းကကို ပိုပို ပူလာနေသည့် အလားပင်။
သင်္ကြန် တတွင်းလုံး မရွာသည့် မိုးက နှစ်ဆန်း တရက်နေ့မှာ ရွာလေတော့၏။ ကျေးဇူးတင် ဝမ်းသာ လိုက်လေခြင်း။ အပူလည်း အတန်ငယ် သက်သာ သွားခဲ့၏။ ခဏ တဖြုတ် မဟုတ်ဘဲ နေ့တပိုင်း လောက်နီးနီး ရွာပေးသဖြင့် နေလို့ ထိုင်လို့ ကောင်းစေခဲ့၏။
နှစ်သစ်ကူးသည့် နှစ်ဆန်း တရက်နေ့မှာ ရွာသည့် မိုး ဖြစ်သည့် အပြင် ပူလောင် နေမှုတွေကို သက်သာ စေသည့် အတွက်ကြောင့် မြန်မာပြည် အတွက်လည်း နမိတ်ကောင်း ဖြစ်ပါစေလို့ မျှော်လင့် နေမိ၏။
What kind of language is this?
!PGM !MEME
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444
Credit: elgatomayor
Earn Crypto for your Memes @ HiveMe.me!