About Safetynet Check (Final Chapter)
ကျနော် ရှာဖတ်ကြည့်မိသလောက်ကတော့ CTS profile match fail ရခြင်းက device fingerprint ကြောင့်ဟု ဆို၏။ Custom ROM ပြောင်းတင်လိုက်ပြီးနောက် အဆိုပါ firmware ကြောင့် အဆိုပါ Device ကို Google က မသိတော့ဘဲ play store မှာပါ device certified မဖြစ်တော့ခြင်း ဖြစ်၏။ လက်ရှိ firmware ၏ fingerprint ကို certified ဖြစ်အောင် လုပ်၊ လျှောက်မလား ဒါမှ မဟုတ် certified ဖြစ်နေသည့် fingerprint ကို ယူသုံးပြီး အဆိုပါ ကိစ္စကို ကျော်လွှားလို့ရ၏။
Certified ဖြစ်သည့် fingerprint ကို ယူသုံးတာက တော့ ကျနော့်အတွက် ပိုပြီး အဆင်ပြေ၏။ ယခင်ကလည်း Safetynet fix module နဲ့တင် မရသည့်အခါမျိုးမှာ သူ့ကို သုံးရ၏။ MagiskHidePropsConf ဆိုသည့် Magisk module ဖြစ်၏။ လွန်ခဲ့သောနှစ် custom ROM တခု (ဘယ် ROM ဘယ် Android version လည်းတော့ မမှတ်မိတော့ပေ) မှာတုန်းက အဆိုပါ module နှင့် pass လုပ်နိုင်ခဲ့ဖူး၏။ Module ကို flash ပြီး Termux သို့မဟုတ် အခြား Terminal Emulator တခုခုကနေ adb command ခေါ်ပြီး activate ဖြစ်သည့် verify ဖြစ်သည့် fingerprint တခုခုကို အစားထိုး သုံးလိုက်ရုံပင်။
ထိုသို့ အစားထိုးသုံးလိုက်ခြင်းကြောင့် phone အပေါ် တစုံတရာ ထိခိုက်မှု မရှိပေ။ တနည်းဆိုရသော် ကျနော်တို့ device ကို certified ဖြစ်သွားစေရန် Google ကို မျက်စိလှည့် ပစ်ခြင်း ဖြစ်၏။ သို့မှာသာ Google pay တို့ ဘာတို့ လိုမျိုးနှင့် အခြား အရာများကို အသုံးပြုလို့ ရနိုင်မည် ဖြစ်၏။
စိတ်မကောင်းစရာ တခုက အဆိုပါ module project က ရပ်သွားခဲ့ပြီ ဖြစ်၏။ firmware အသစ်၊ custom ROM အသစ်တွေ အတွက် ထို module က အလုပ် မဖြစ်တော့ပေ။ သို့နှင့် အခြား နည်းလမ်း ရှာရတော့၏။ ယခင်က phone နှင့် ပတ်သက်ပြီး တခုခု အဆင်မပြေရင် ညဆိုလည်း မအိပ်မနေဖြင့် အဖြေရအောင် ရှာလေ့ ရှိ၏။ အဖြေရသွားမှ အဆင်ပြေသွားမှ အိပ်လို့ရ အိပ်လို့ ပျော်လေ့ ရှိ၏။ ယခုလည်း ဒီအတိုင်းပင်။
သို့ပေမယ့် ရက်ဆက်တွေ ဖြစ်လာနေတော့ လူလည်း ငြီးစိစိကြီး ဖြစ်လာနေ၏။ ပြီး စိတ်ဘဝင်ကလည်း မကျနေပေ။ မရလည်း ထားလိုက်တော့မယ်ကွာဟု စိတ်လျော့ပြီး ယခင်လောက် အားအစိုက်တော့ဘဲ လမ်းကြုံ သဘောမျိုးလောက်သာ ရှာတော့ ဖွေတော့၏။ ထိုသို့နေရင်းက မနေ့ညက link တခု သွားတွေ့၏။ ကိုယ့်အဖြစ်နဲ့ ကိုက်ညီနေသည်မို့ သွားဖတ်ကြည့်၏။ အနည်းငယ်တော့ ရှုပ်ထွေး၏။ အကြိမ်ကြိမ် ပြန်ဖတ်မှ ခပ်ပါးပါးလေး နားလည် လာသလို ရှိ၏။
သူ ပြောသည့် နည်းအတိုင်း စမ်း ကြည့်မယ်ကွာ၊ အရှူံးမှ မရှိတာဟု တွေးပြီး လုပ်ကြည့်လိုက်၏။ သူက Termux ကနေ command ခေါ်ပြီး လုပ်ရခြင်း ဖြစ်၏။ ပထမ တခါမှာ အဆင်မပြေပေ။ download လုပ်ထားပေးသည့် fingerprint က basic & device နှစ်ခုလုံး pass ဖြစ်ရဲ့လားကို မဖြေဘဲ exit လုပ်ပြီး reboot လုပ်ပစ်လိုက်၏။ reboot လုပ်ပစ်မှ ရသည် ထင်ပြီးပေါ့။ နောက်တခေါက် ပြန်စမ်းမှ သူပြောသလို Safetynet check app တွေနဲ့ စမ်းကြည့်ပြီး ပထမ fingerprint က pass မဖြစ်လို့ no ဖြေတော့ fingerprint နောက်တခု ထပ်ပြောင်းပေးပြီး ထပ်စစ်ခိုင်းတယ်။ ဒီတခါမှာ pass ဖြစ်တဲ့ အတွက် အဆိုပါ fingerprint ကို သူက fix လုပ်ပေးလိုက်ပါရော။
နောက်ဆုံးတော့ အားလုံး အဆင်ပြေသွားခဲ့၏။ စိတ်လည်း ပေါ့ စိတ်လည်း ပျော်သွား၏။ ကိုယ် အဆင်ပြေတော့ Group ထဲက အခြားသူများကို သတိရသွားပြီး အဆိုပါ website link ကို sharing သွားလုပ် ပေးခဲ့လိုက်ပါသေး၏။ ဟုတ်ကဲ့ ခုဆို ကျနော့် device လေး Safetynet pass (both basic & device) ဖြစ်သွားပါပြီ။ play store မှာ လည်း device certified ဖြစ်သွားခဲ့ပါပြီ။
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻