About Safetynet Check (Chapter 1)
ယခင်က သုံးခဲ့ဖူး၊ သုံးနေကြ နည်းလမ်းတွေ ကုန်သွားပေမယ့် CTS profile match က pass မဖြစ်လာနေသေးပေ။ Google play store လည်း device certified မဖြစ်နေပေ။ နို့ ဒါဖြင့် phone က သုံးမရတော့ဘူးလား ဆိုတော့ မဟုတ်၊ ရပါ၏။ အခြား official build in ပါသည့် firmware တွေလိုပင် အထစ်အငေါ့ မရှိ ကောင်းမွန်စွာ သုံးလို့ ရ၏။ Root ရှိနေပေမယ့်လည်း Magisk hide (Deny list ) ဖြင့် Banking app တွေလည်း သုံးလို့ ရနေပြီ ဖြစ်၏။ အေးလေ ဒါဖြင့်လည်း ထားလိုက်တော့ပေါ့။ အဆင်ပြေနေတာပဲကိုပေါ့။
ဟုတ်တော့ ဟုတ်ပါ၏။ ဒါပေမယ့် စိတ်က မရ၊ စိတ် အဆင် မပြေခြင်း ဖြစ်၏။ ပြီး phone ၏ security ပိုင်းနှင့် ပတ်သက်ပြီးတော့လည်း အလုံးစုံ စိတ်ချလို့ မရနေပေ။ CTS လေး pass ဖြစ်ပြီး device certified လေး ဖြစ်ရင်တော့ ပိုပြီး ကောင်း၏။ phone အတွက်လည်း ကောင်း၊ လူလည်း ဒါကြီး ကိုပဲ တွေးပြီး တနုံ့နုံ့ကြီး မဖြစ်နေတော့ဘူးပေါ့။
Play store device certified မဖြစ်ရင် Google pay တို့လို့ ဘာတို့ ဟာမျိုးတွေ သုံးမရပေ။ လက်ရှိ ကိုယ်တွေ နိုင်ငံ၏ အခြေအနေ အထားက ထိုအရာ မရလည်း သိပ်တော့ မထူးခြားနေပေ။ သို့ပေမယ့်လည်း အထက်မှာ ပြောခဲ့သည့် အတိုင်း စိတ်က မရနေပေ။
Custom ROM တော်တော်များများတွင် အဆိုပါ Safetynet fail သည့် ပြဿနာ ရှိ၏။ Custom ROM မှာမှ မဟုတ်ဘဲ တချို့ official company phone တွေရဲ့ build in firmware တွေမှာတင်ကို Safetynet fail တာမျိုးတွေ ရှိတတ်၏။ ဥပမာ firmware update တင်ပြီး နောက်ပိုင်းပေါ့။ firmware update က Safetynet pass မဖြစ်နေတာမျိုးတွေပေါ့။
Magisk ဖြင့် root လုပ်ထားသူတွေအဖို့ ယခင်က Safetynet fix module flash လိုက်ရုံနှင့် အကုန် အဆင်ပြေသွား၏။ ဒါပေမယ့် ခုနောက်ပိုင်းမှာက မရ နေပေ။ Safetynet fix သည့် module အမျိုးမျိုး ပြောင်းစမ်းကြည့်လည်း မရနေပေ။ ခုနောက်ပိုင်း အသုံးများသည့် playIntegrity fix (သူလည်း Safetynet fix module တခုပင်) နှင့်လည်း မရနေပေ။ Basic integrity က pass ဖြစ်ပြီး CTS profile match က ကြ fail ဖြစ်နေ၏။
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIMP from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
Aw man @hiq.smartbot, you are out of PIMP to slap people.
Go Stake some more and increase your PIMP power.
(We will not send this error message for 24 hours).
Read about some PIMP Shit or Look for the PIMP District