About Hive SBI

မင်္ဂလာပါဗျ။ ဒီနေ့တော့ Hive SBI ကနေ vote ရယူနည်းလေး ပြောပြပေးပါမယ်ဗျ။ Hive SBI က တကယ်ကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်လေးနဲ့ အခု အစီအစဉ်ကို လုပ်ဆောင်ထား ပေးထားပါတယ်ဗျ။ သူ့ အစီအစဉ်က ရိုးရိုးလေးပါဗျ။ မိမိ support ပေးလိုတဲ့သူရဲ့ username ကို memo မှာ ထည့်ပေးပြီး @steembasicincome ထံသို့ 1 Hive လွှဲပေး ရုံပါပဲဗျ။ မိမိ support ပေးလိုသူရဲ့ username ကို memo မှာ ရေးတဲ့အခါ @ သင်္ကေတကို ထည့်ပေးဖို့ မမေ့ပါနဲ့။ ဒါပါပဲ။

(မိမိ sponsor ပေးလိုသူရဲ့ နာမည်နေရာမှာ ကိုယ့်နာမည်ကို ကိုယ်ပြန်ထည့် မရေးပါ။ တခြားသူရဲ့ နာမည်ပဲ ရေးပေးပါဗျ။)

ဒါလေး လုပ်လိုက်ရုံနဲ့ မိမိကော၊ မိမိ sponsor ပေးလိုသူကိုပါ နှစ်ဦးလုံးကို SBI team က vote လာပေးမှာ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် ဆိုရရင် တရက်တပိုစ့်ကို သူတို့ vote လာပေးကြမှာ ဖြစ်ပါတယ်။ မိမိမှာ resource (unit) တွေ အများကြီး ရှိတယ်ဆိုရင် voting percent အများကြီးနဲ့ vote ပေးခံရမှာ ဖြစ်ပါတယ်။ Unit များလာဖို့က အပေါ်မှာ ပြောခဲ့တဲ့ sponsor ပေးတဲ့ နည်းနဲ့ လုပ်လို့ရသလို power delegate လုပ်ခြင်းကနေလည်း မိမိရဲ့ unit တွေ များလာအောင် လုပ်လို့ရပါတယ်။ SBI ရဲ့ website ကနေလည်း မိမိမှာ unit ဘယ်လောက်ရှိလဲကို စစ်ကြည့်လို့ ရပါတယ်။

လောလောဆယ်မှာတော့ သူတို့ website မှာ ဘာ error ဖြစ်နေမှန်း မသိပါဘူး။ Resource unit ဘယ်လောက်ရှိလဲ စစ်လို့ မရနေပါဘူး။ ဒါပေမယ့် steembasicincome ရဲ့ ပိုစ့်အောက်မှာ !sbi status လို့ comment ပေးပြီး မိမိမှာ unit ဘယ်လောက်ရှိတယ်။ Voting ဘယ်လောက် ရနိုင်မယ် အစရှိတာတွေကို သိရှိနိုင်ပါလိမ့်မယ်။

Unit ကို ၂ မျိုးခွဲပေးထားပါတယ်။ Sponsor ပေးခြင်းကနေ ရတဲ့ unit နဲ့ power delegate လုပ်ခြင်းကနေ ရတဲ့ unit ဆိုပြီးတော့ပေါ့။ Power delegate မလုပ်ထားသူဆိုရင်တော့ bonus unit မှာ zero ပဲ ပြနေပါလိမ့်မယ်ဗျ။ 1 hive power ကို 0.5 unit လို့ သတ်မှတ်ထားပါတယ်။ ဥပမာ Hive power 100 delegate လုပ်ထားရင် bonus unit 50 ရရှိမှာ ဖြစ်ပြီး 200 delegate လုပ်ထားရင်တော့ bonus unit 100 ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိ Hive ဈေးကလည်း ကျနေချိန်ဆိုတော့ 1 hive နဲ့ sponsor ပေးမယ်ဆိုရင်လည်း ပေးပျော်ပါတယ်လေ။ unit တွေ စုထားလို့ရတာပေါ့။ sponsor ပေးတဲ့နေရာမှာ 1 hive မဟုတ်လည်း 1 HBD ရဲ့ ပေးလို့ရပါတယ်။ ဒါပေမယ့် Hive နဲ့ပဲ လုပ်ကြမယ် ထင်ပါရဲ့။ 1 hive အောက်တော့ နည်းလို့မရပါဘူး၊ အနည်းဆုံး 1 hive ဖြစ်ရပါမယ်။ Sponsor ပေးတာက အကန့်အသတ် မရှိပါဘူး။ မိမိ ကြိုက်သလောက် ပေးချင်သူတွေကို ပေးလို့ရပါတယ်။ ကိုယ့်မှာ hive အများကြီး ရှိရင်ပေါ့။

တကြိမ်မှာ တယောက်ပဲ sponsor ပေးလို့ရတာလား ဆိုတော့ မဟုတ်ပါဘူး။ ဥပမာဗျာ ကိုယ်က 5 ယောက် sponsor ပေးချင်တာ transition 5 ကြောင်း၊ 5 ခါ ခွဲလုပ်နေစရာ မလိုပါဘူး။ 5 Hives နဲ့ memo မှာ မိမိ sponsor ပေးလိုသူ 5 ယောက်ရဲ့ နာမည်တွေ ထည့်ပေးလိုက်ရင် ရပါပြီ။ @ သင်္ကေတတော့ မမေ့နဲ့ပေါ့။ ပြီး username ကိုပဲ ရေးနော်၊ display name ကြီး သွားမရေးနဲ့။ အဲ့ဒါလေးပါပဲ။ အားလုံး အဆင်ပြေကြပါစေ။

ကျနော် သူတို့ website နဲ့ steembasicincome ရဲ့ ပိုစ့် links လေးတွေပါ ထည့်ပေးထားပါမယ်။ အသေးစိတ်နဲ့ တိတိကျကျ ထပ်သိချင်ရင် ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။ အားလုံး vote တွေ အများကြီးရလို့ hive power များများ မြန်မြန် စုနိုင်ကြပါစေ။

Hive SBI Website



0
0
0.000
5 comments
avatar

တစ်ကြိမ် vote ဖို့အတွက် 1 Hive ပေါ့နော်။
!PIZZA !PGM

0
0
0.000
avatar

တကြိမ် မဟုတ်ဘူး အကိုဗျ။ အမြဲတမ်း vote ပေးမှာပေါ့။ ကျနော်တို့ရဲ့ ပိုစ့်တိုင်းကို တရက် တကြိမ်ပေါ့။
(Sry ဗျ။ reply နောက်ကျသွားလို့။)

0
0
0.000