ညနေခင်း တစ်ဖြတ်လေး ဗိုက်ဖြည့်

avatar
(Edited)

Hive မြန်မာ အဖွဲ့သားများ အားလုံး မင်္ဂလာရှိသောနေ့ရက်ကလေးကိုပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။

ဒီနေ့ကတော့ အထွေးအထူးသိပ်မရှိတဲ့ သာမာန် နေ့ကလေး တစ်နေ့ပဲ ဖြစ်ပါတယ်။

နေ့စဥ်ဓူ၀ အလုပ်တွေ လုပ်ရင်း ဘ၀အမောတွေထဲ ကြိုးစား ကူးခတ်ရင်းနဲ့ပဲ နေ၀င်ချိန်တွေဟာ ရက်တာ ရှည်နေခဲ့ပါပြီ။

ရက်တာရှည်နေတဲ့ နေ့တွေထဲ မှာ ဒီနေ့တော့ ငတ်တာရှည်ပြီး ရုံးဆင်းချိန် အသုပ်သွားစားဖြစ်ခဲ့ပါတယ်။

ရုံးက ၅နာရီ ဆင်းတာမို့ အပြန်လမ်းမှာ ညနေခင်း စျေးတန်းလေးတစ်ခုရှိပါတယ်။ ဒီစျေးတန်းလေးမှာတော့ အသုပ် အကင် မျိုးစုံနဲ့ အခြား အအေးဆိုင်များလည်း ရှိပါတယ်။

ဒီစျေးတန်းလေးက သာမာန် လူတန်းစားတွေအတွက်နဲ့ လူလတ်တန်းစားတွေအတွက်တော့ ညနေခင်း ထိုင်လို့အကောင်းဆုံးနေရာလေးတွေပါ။

အသုပ်မျိုးစုံ အကင်စုံတွေလည်းရတာမို့ သွားစားဖြစ်ခဲ့ပါတယ်။ဒီနေ့တော့ရုံးကအကိုတစ်ယောက်နဲ့ အတူ ရခိုင်မုန့်တီ ၊ ထမင်းသုပ် နဲ့ ရှောက်သီးသုပ်လေးစားဖြစ်ပါတယ်။

ပုံမှန်စားနေကျဆိုင်ဖြစ်ပြီး လက်ရာကတော့ရှယ်ကောင်းပါဗျာ။



0
0
0.000
0 comments